ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 

ဒီနေ့ စက်တင်ဘာလ ၃ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်ဟာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) လက်အောက်က ကော်သူးလေ ကျောင်းအမှတ် (၇၀၈၂) နော်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးတွေ ကျောင်းတက်နေချိန်မှာ ကာမီဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် နော်တခီး ကျေးရွာ စာသင်ကျောင်းက ကျောင်းရုံးခန်း (၁)လုံး ပျက်စီးပြီး ဆရာမ (၁) ယောက်၊ ဆရာ (၁) ယောက်နဲ့  ကျောင်သားငယ် (၁) ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

စစ်ကော်မရှင်မှ နော်တခီးအခြေခံပညာအလယ်တန်းကျောင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းရုံးခန်း(၁)လုံး ထိခိုက်ခဲ့သည့်မှတ်တမ်းများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အလင်းဝင်သူ ၃ ယောက်နဲ့ နေပြည်တော် ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကနီတွင် ကင်းလှည့်လာသည့် စစ်အုပ်စုမြို့စောင့်တပ် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF - ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

ကောလင်းမြို့အရှေ့ခြမ်း ကျောက်တန်းရွာတွင် ဒေသခံ မိသားစုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူများကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းက ကျောက်တန်းရွာမှာ ဒေသခံမိသားစု တစ်စုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။