ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃) လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမျာ အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်၊ ဘော်ကြို‌ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ဗုံးတွေ လာ‌ရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် (၄၅) အရွယ် အမျိုးသား ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၃) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၈) ရက်ကလည်း သီပေါမြို့၊ အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပေါက်မြောက်ပိုင်းကို ဝင်ရောက်သည့် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက် ၁၂ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ မွမ်းမံသင်တန်းဆင်းပွဲတွင် ယူနီဖောင်းတပ်ဆင်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျေးရွာများတွင် အင်အားဖြည့်နေသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်မှာ ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂  ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိကာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးနေကြောင်း ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။