မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေက မြို့ပတ်ပေါ်တာဆွဲတာတွေကို အရင်ထက် ခပ်စိပ်စိပ် ပိုပြီးလုပ်ဆောင်လာသလို ငွေကြေးတတ်နိုင်သူတွေဆီက ဆိုးဆိုးရွားရွား ငွေညှစ်တာမျိုးတွေရှိနေပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေနဲ့ အလုပ်သမားတွေကိုတော့ သင်တန်းကျောင်းတွေဆီ တိုက်ရိုက်ပို့ဆောင်နေကြောင်း သိရပါတယ်။

ဇူလိုင်လ အစပိုင်းလောက်ကစလို့ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ စစ်မှုထမ်းအင်အားစုဆောင်းတာတွေ ဆိုးရွားလာတာဖြစ်ပြီး ရဲ၊ စစ်သားနဲ့ ရပ်ကျေးအာဏာပိုင်တွေက မြို့တွင်း၊ မြို့ပြင် လမ်းပိုင်းတွေနဲ့ ကျေးရွာတွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လကလည်း အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ရပ်ရွာတွေမှာ စစ်မှုထမ်းဖို့အသက်ပြည့်မှီသူတွေကို သက်ဆိုင်ရာ ရုံးတွေဆီ စာရင်းလာပေးကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

“အခုက မဲလည်းနှိုက်ခိုင်းတယ်။ ချောလည်းဆွဲတယ်။ ချောဆွဲတာကတော့ ငွေလိုချင်လို့ပေါ့။ ငွေပေးနိုင်တဲ့သူကို ဆွဲမိရင် မိသားစုက ငွေနဲ့လိုက်ရွေးတာသိတယ်လေ။ မပေးနိုင်ရင် တပ်ထဲပို့တယ်။ မဲပေါက်ပြီး ပိုက်ဆံပေးနိုင်တဲ့သူနဲ့ လူချင်းအစားထိုးပေးတယ်။ ” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း နာမည်ကြီး သဲတောစျေးနေ့အပါအဝင် ရွှေတောင်တိုက်နယ်နဲ့ ပင်းတလဲတိုက်နယ်အတွင်းက ကျေးရွာတွေမှာ စစ်အုပ်စုက နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်လာသလို အလုပ်သွား၊ အလုပ်ပြန်နဲ့ အခြေခံလုပ်သားတွေကိုလည်း ချောဆွဲနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁ရက်နေ့ကလည်း ပင်းတလဲရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက သုံးဒေါင့်အိုင်၊ သီးကုန်းနဲ့ နေပူကုန်းရွာတွေထဲ ဝင်ရောက်ကာ အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီနေ့မှာပဲ ရွှေတောင်တိုက်နယ်၊ ခန္တောအုပ်စု၊ အောင်သာရွာနေ စစ်အုပ်စုထောက်ခံသူ ၁ယောက်လည်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂ရက်နေ့ ညနေပိုင်းမှာလည်း ပင်းတလဲ-မိတ္ထီလာလမ်းဘေး တောင်ဆည်ရွာနေ နွားကျောင်းသား ၂ယောက် ရွာမြောက်ဘက်လမ်း ဘေးမှာချောဆွဲခံရသလို ခံဘဲ့ဆေးရုံက မီးဖွားလူနာစောင့်အမျိုးသား တစ်ယောက်ကိုလည်း အပြင်ဆေးဝယ်ထွက်ချိန်မှာ စစ်အုပ်စုက ချောဆွဲခဲ့ပါသေးတယ်။

အဲ့ဒီနေ့ညနေပိုင်းမှာပဲ ရန်ကုန်-မန္တလေးအမြန်လမ်းဘေးက အင်းကုန်းကျေးရွာ ဆန်စက်ထဲကို ဝင်ရောက်စီးနင်းရင်း စက်ရုံပိုင်ရှင်သားအပါအဝင် လူ ၄ယောက်ကိုပါ စစ်အုပ်စုက ဖမ်းဆီးကာ ငွေညှစ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကချောဆွဲခံရတာ ဆန်စက်ပိုင်ရှင်သားရယ်၊ ကုက္ကိုလ်ခါးလှရွာနေ အလုပ်လာလုပ်တဲ့ ၁ယောက်ရယ်၊ ကန်ပါတ်လယ်ရွာက ၂ယောက်ရယ်ပါ။ စုစုပေါင်းလူငယ်ချည်းပဲ ၄ယောက် ပါသွားတာ.. စက်ရုံပိုင်ရှင်က လိုက်ရွေးပေးတယ်ကြားပါတယ်” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီလိုမျိုးပေါ်တာဆွဲဖမ်းဆီးတာတွေအပြင် ဝမ်းတွင်းမြို့နယ်အတွင်းက ကျေးရွာတချို့မှာ နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး အရပ်သားတွေရဲ့ ဖုန်းကို အတင်းအဓမ္မ တောင်းယူစစ်ဆေးတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အခုပိုဆိုးလာတာက တချို့ရွာတွေမှာ တအိမ်တက်ဆင်း ဖုန်းစစ်တယ် ကြားလာရတယ်ပေါ့။ တော်လှန်ရေးပေ့ချ်တွေ like လုပ်ထားသလား။ ဆက်သွယ်ထားတာတွေ ရှိလားဆိုတာမျိုးပေါ့။ သေချာတော့ စုံစမ်းမရသေးပါဘူး။” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ပင်းတလဲ-မိတ္ထီလာလမ်းပိုင်းတွေရှိရာ ဝမ်းတွင်းမြို့နယ်ဟာ စစ်အုပ်စု ဌာနချုပ်တွေရှိရာ မိတ္ထီလာခရိုင်အတွင်းက မြို့နယ်တစ်ခုဖြစ်ပြီး ပေါ်တာဆွဲဖမ်းဆီးခံရသူအများစုကို ခမရ ၁၁၃ တပ်ဆီ ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ က ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။