ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးရောင်းဝယ်ရာက စတင်ဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတခုကြောင့် မြန်မာအမျိုးသားတယောက် ဓားထိုးခံလိုက်ရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ မဲဆောက်ရဲတပ်ဖွဲ့က ဓားထိုးမှုဖြစ်ပွားကြောင်း တိုင်ကြားချက် ရရှိတာကြောင့် သောင်ရင်းမြစ်ကမ်း၊ ရေဒီယိုရုံဟောင်းအနီး အာရှလမ်းမပေါ်က အခင်းနေရာကို သွားရောက်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာရောက်ချိန်မှာတော့ ဝမ်းဗိုက်ကိုဖိထားပြီး လက်ကနေ သွေးတွေစီးကျနေတဲ့ ပလက်ဖောင်းပေါ်ထိုင်နေတဲ့ အသက် ၃၄ နှစ်အရွယ် ‘အမျိုး’ အမည်ရှိ မြန်မာအမျိုးသားတယောက်ကို တွေ့ရှိခဲ့ရကြောင်း၊ သူ့ကို မဲဆောက်ဆေးရုံ ချက်ချင်းပို့ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အရက်မူးနေတဲ့ အသက် ၃၃ နှစ်အရွယ် ‘မောင်အေး’ ဆိုသူ ဓားထိုးသူကိုလည်း အနားမှာတွေ့ခဲ့ကြောင်း၊ သူနဲ့အမျိုးတို့ဟာ အိမ်မှာသောက်နေရင်း မူးယစ်ဆေးရောင်းတဲ့ကိစ္စ စကားများလို့ ရန်ဖြစ်ခဲ့ကြကြောင်း သတင်းထောက်တွေကို သူက ငိုယိုပြီး ပြောဆိုပါတယ်။

ဆေးရောင်းရင်း စိတ်အခန့်မသင့်ရာက ရုတ်တရက်စိတ်ဆိုးပြီး သူငယ်ချင်းကို ဓားနဲ့ထိုးခဲ့မိကြောင်း၊ အမှုဖြစ်ပြီးနောက် နောင်တရတာကြောင့် ဒဏ်ရာရသူကို စက်ဘီးနဲ့တင်ပြီး ဆေးရုံပို့ဖို့ ကြိုးစားခဲ့ကြောင်း မောင်အေးက ဆိုပါတယ်။

သူတို့နှစ်ယောက် ဆေးရုံသွားနေစဉ် အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့ရှိခဲ့သူတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မဲဆောက်ရဲတပ်ဖွဲ့က ဓားထိုးသူကို ချက်ချင်း လက်ထိပ်ခတ်ဖမ်းဆီးပြီး သူ့ရဲ့စက်ဘီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ဖို့ မဲဆောက်ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း – Drunken drug deal turns deadly in Mae Sot as Myanmar man stabbed

0 Shares:
You May Also Like
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မယ်စဲ့ အကျဉ်းထောင်မှ ထောင်ဖောက် ပြေးသည့် အကြမ်းဖက် စစ်တပ် အရာရှိတဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ရမိထား

ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေထဲက စစ်တပ်အရာရှိ တယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။