စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်းအင်စခန်းကနေ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

မော်လိုက်မြို့နယ်ရှိ ထော်သာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သြဂုတ် ၁၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တောင်းအင်စခန်းရှိ စစ်အုပ်စုကို ပိတ်ဆို့ထားခဲ့ရာ စက်တင်ဘာ ၁ ရက်ညပိုင်းက စစ်သားနဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။

အဆိုပါစခန်းကို တော်လှန်‌ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီးနောက် သိမ်း ပိုက်လိုက်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေနဲ့ စစ်လက်နက်ပေါင်းများစွာကို သိမ်းဆည်းရမိ (ရုပ်/သံ)

တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ယမန်နေ့၊ မေလ ၂၃ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန နည်းဗျူဟာ ၂၂ ၏ အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က သာယာဝတီခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွားခြံကုန်းနဲ့ အင်းကြီးရွာကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းစဥ် စစ်သားအလောင်း ၁၆ လောင်းတွေ့ရှိ (ရုပ်/သံ)

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။
Read More

တော်လှန်ရေးမှာပါဝင်သူတိုင်းတော့ လက်နက်ကိုင်ပြီး PDF အနေနဲ့ တာဝန်မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် • လူတိုင်း PRF ဖြစ်နိုင်ပါတယ်။

တော်လှန်ရေးမှာပါဝင်သူတိုင်းတော့ လက်နက်ကိုင်ပြီး PDF အနေနဲ့ တာဝန်မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် • လူတိုင်း PRF ဖြစ်နိုင်ပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။