တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရဆီကို NUG နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်မှာ တိုက်တွန်းစာပေးပို့ခဲ့တာဖြစ်ပြီး အဲ့ဒီစာထဲမှာ တရုတ်နိုင်ငံကို တိုက်တွန်းထားတဲ့အကြောင်းအရာတွေကို ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

NUG၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (EROs)တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုကို ရရှိထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေတာသာမက ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီကို ဦးတည်ဆောင်ရွက်နေတယ်လို့လည်း တရုတ်နိုင်ငံကို အသိပေးထားပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့တရားဝင်ဖိတ်ကြားမှုနဲ့ ဒီနေ့ ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း NUG က တရုတ်အနေနဲ့ မြန်မာပြည်သူတွေ အလိုမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကို ဖိတ်ကြားတာဟာ ပြည်သူတွေရဲ့ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သလို ဖြစ်စေပြီး နှစ်နိုင်ငံပြည်သူတွေအကြား နှစ်ရှည်လများ တည်ရှိခဲ့တဲ့ ရင်းနှီးချစ်ကြည်မှုကိုလည်း ထိခိုက်စေနိုင်မယ်လို့ NUG ရဲ့ တိုက်တွန်းချက်မှာ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာ့စီးပွားရေးကို ထိခိုက်စေခဲ့ပြီး နိုင်ငံခြားရေးရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အဟန့်အတားဖြစ်စေခဲ့သလို ၂၀၂၀ ခုနှစ်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ သမ္မတဦးဝင်းမြင့်တို့ ရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း(CMEC) အပါအဝင် အခြေခံစီးပွားရေးအဆောက်အအုံများစွာကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့တယ်လို့ NUG က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ဟာ တရားမဝင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အကြီးစား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ ဖွင့်ပေးခဲ့ပြီး မြန်မာနယ်ကြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့အနီးတဝိုက် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်း ၁ သိန်းကျော် လုပ်ကိုင်ဆောင်ရွက်နေရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားအများစု ထိခိုက်နစ်နာခဲ့ရပြီး ငွေကြေးဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ကာ ၁၀ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်းလည်း NUG က ရေးသားဖော်ပြပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေနဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။