ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ စက်တင်ဘာလ ၃ ရက် နေ့လယ် ၁ နာရီခွဲ ဝန်းကျင်အချိန်မှာ သီပေါမြို့၊ ဘော်ကြိုဈေးရွာအထွက်က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာ နေရာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဘော်ကြိုစျေးရွာအထွက်က TNLA စစ်ဆေးရေးဂိတ်ကို စကစက လေယာဥ်နဲ့ ပေါင် ၅၀၀ /၂လုံးလာကြဲတာ နေအိမ် ၂ အိမ် ပျက်စီးသွားတယ်။ ကျား ၁ ဒဏ်ရာရ (မစိုးရိမ်ရ)၊ ဘော်ကြိုဘုရားမှန်တွေပျက်စီးကုန်တယ်” လို့ သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

သီပေါမြို့ဟာ TNLA နဲ့ ညီနောင်မဟာမိတ်တွေ အတူဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ မြို့ပေါင်း ၁၂ မြို့ထဲက တစ်မြို့ဖြစ်ပြီး လက်ရှိမှာလည်း TNLA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ လကုန်ပိုင်းမှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ်နဲ့ TNLA တို့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ ၂ဖက် အပေးအယူ မတည့်ဘဲ ဆွေးနွေးပွဲ ပျက်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ စစ်တပ်က မန်တုံနဲ့ နမ့်ဆန်မြို့ကလွဲပြီး သီပေါအပါအဝင် TNLA သိမ်းယူထားတဲ့ မြို့တွေကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ အဆင်မပြေခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘော်ကြိုဘုရား ပျက်စီးသွားမှု အခြေအနေ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်၊ ၁ ဦးသေပြီး အရာရှိအပါ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ဟုမ္မလင်းက စစ်ကောင်စီနဲ့ ရှမ်းနီ ပူးတွဲတပ်စွဲထားတဲ့ စခန်းနှစ်ခုကို KIA သိမ်းပိုက်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။