ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတံကူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်အနေနဲ့ အာရှလမ်းကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးထိခိုက်လျက်ရှိကာ နောက်သို့ အကြိမ်ကြိမ် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ ခမရ ၅၄၅ သို့ စစ်ကူလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အဓမ္မစစ်မှုထမ်းစုဆောင်းထားတဲ့ တပ်သား ၃၀ ကျော် ထွက်ပြေးသွားတဲ့အတွက် ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

Video – ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲ

0 Shares:
You May Also Like
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့အတွက် ကျေးရွာနေအိမ် ၁၇၀ ခန့် ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ရေလှကျေးရွာကို အင်အား ၁၁၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျက်အားပြင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာရှိ အထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း ဒီဇင်ဘာ ၂၉ ရက် ညနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၆ ဦးထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Launglone Peninsula Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။