တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာ ရေဖြူမြို့နယ် ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်အရာရှိ ၁ ယောက်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနတပ်ခွဲ -၆ (ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ – ၇(L.P.F) ၊ ဗထူးတပ်မတော် (B.H.A)၊ ရေဖြူမြို့နယ် ပ.က.ဖ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (D.DPDF)၊ ဇင်ယော်တပ်ဖွဲ့၊ ဒေါနစစ်ကြောင်း – ၃ ( KBDF)၊ ရာမညမွန်တပ်တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း – ၂၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဝေဟင်တပ်ဖွဲ့

0 Shares:
You May Also Like
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့ပေါ် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့် ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။
Read More

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ကိုင်းတပ်မ ၃၃ ကို တပ်သားသစ်တွေ ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Tiger Brothers People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲအထိုင်ဂိတ်က စစ်သားတွေ မိုင်းဆွဲခံရပြီး ဗိုလ် ၁ ယောက်အပါ ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်မှာ လမ်းကင်းယူဖို့ ရှင်းလင်းရေးလုပ်​ေနေတဲ့ အကြမ်းဖက်စစ်သားတွေကို  နိုဝင်ဘာ ၃ ရက်က M18 မိုင်း ၃ လုံး ၂ ပွိုင့်နဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

အင်းလေးဒေသ ကေလာရွာမှာ သေဆုံးသူ ၄၁ ဦးရှိပြီး အသက်ရှင်ကျန်ရစ်သူများအတွက် အကူအညီများ လိုအပ်နေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ အင်းလေးဒေသ ကေလာရွာမှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ခြေ ၇၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၁ သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။