ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ်လ ၃၁ ရက် ညနေပိုင်းမှာ လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် အနီးနားရှိ အရပ်သားပြည်သူ ၁ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ အဆောက်အအုံနဲ့ ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – ဒေသခံ

0 Shares:
You May Also Like
Read More

ငါးဖမ်းသမားဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များ ခိုးယူထွက်ပြေး (ရုပ်/သံ)

ငါးဖမ်းသမားဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက AA လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁ ယောက်ကို သတ်ဖြတ်ကာ လက်နက်လုယူပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ဂိတ်ဖွင့်အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို နေပြည်တော် PDF တပ်ရင်း ၉၀၁ က တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Nay Pyi Taw PDF-Battalion 901 က ထုတ်ပြန်လိုက်ပါ တယ်။
Read More

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။