မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ ရက်) မှာ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ကို အရှိန်အဟုန်မြင့် ပြောင်းလဲနေတဲ့ နည်းပညာတွေ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်နိုင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၅ ခုနဲ့ ဖွဲ့စည်းခဲ့တဲ့ အညာမြေတပ်ပေါင်းစု Drone Team ဟာ လက်ရှိမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အညာ​မြေတပ်ပေါင်းစု Drone ဖွဲ့စည်းရတာနဲ့ပတ်သက်လို့ တပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ပထမဆုံးအချက်ကတော့ အခုချိန်က နည်းပညာကို အားပြုလာတဲ့ စစ်ပွဲအသွင်ဆောင်လာပါတယ်။ ဒီတော့ နည်းပညာတွေကို ကျနော်တို့ရဲဘော်တွေက ကောင်းကောင်းအသုံးချပြီး တော်လှန်ရေးကို အသာစီးယူနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်နံပါတ်၂အချက်ကတော့ လေကြောင်းရန်ကြောက်နေရတဲ့ ပြည်သူတွေကို နည်းနည်းပဲ စိတ်လုံခြုံမှုပေးနိုင် ပေးနိုင် ကျနော်တို့က တံတိုင်းသဖွယ် မားမားရပ်ပေးမယ်ပေါ့။ နောက်တတိယအချက်ကတော့ ရန်သူရဲ့ စခန်းတွေကို မြေပြင်ကနေ ချဉ်းကပ်ဖို့ ခက်တဲ့စခန်းတွေမှာ ဒရုန်းနဲ့ စစ်ဆင်မယ်။ စတုတ္ထအချက်က နည်းပညာကျွမ်းတဲ့ရဲဘော်တွေကို သူတို့ဝါသနာအတိုင်း တော်လှန်ရေးမှာ ပိုမိုပါဝင်လာနိုင်အောင် လှုံ့ဆော်ပေးတာပါ။ နောက်ဆုံးပဉ္စမအချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ပိုပြီး ညီညွတ်ခိုင်မာဖို့ကို ရည်ရွယ်ပါတယ်” လို့ ​မောင်းကိုပြောပါတယ်။

MUGDF ၊ ဇာမဏီတပ်ဖွဲ့၊ သစ္စာ‌ဒေါင်းနီတပ်ဖွဲ့၊ James bond တပ်ဖွဲ့နဲ့ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့တွေ ပါဝင်တဲ့ အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ ပေါက်နဲ့ ပခုက္ကူမြို့နယ်တွေမှာ အဓိကလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

“ကျနော်တို့ဘက်မှာ ဒရုန်း Team ဆိုပြီး သေသေချာချာဖွဲ့စည်းတာ နည်းပါတယ်။ ကျနော်တို့အတွက် အဓိက အခက်အခဲကတော့ ‌ရန်ပုံငွေပါပဲ။ ကျနော်တို့မှာ လုပ်နိုင်စွမ်းတွေရှိပေမယ့် ရန်ပုံငွေအခက်အခက်ကြောင့် ထင်သလောက်မလုပ်ရပါဘူး။ လူငယ်ပညာတတ်တွေ၊ တက်ကြွတဲ့လူငယ်အရင်းအမြစ်တွေရှိတယ်။ ဦးဆောင်လမ်းပြနိုင်တဲ့ ခေါင်းဆောင်တွေရှိပေမယ့် ရန်ပုံငွေအခက်အခဲကြောင့် ထင်သလောက် မလုပ်နိုင်ပါဘူး။ ငွေကြေးပိုင်းက ကျနော်တို့အတွက်တော့ အဓိက အဟန့်အတားပါ”လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ပထမဆုံးဒရုန်းမစ်ရှင်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှာရှိတဲ့ အကြမ်းဖက်ပျူစောထီးစခန်းကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲခဲ့ရာမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

စစ်တပ်သမိုင်းမှာ နာမည်အပျက်ဆုံး ဖြစ်နေသူ မင်းအောင်လှိုင်က သူ့လူများကို စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရန် ညွှန်ကြား …

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။