တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သား ၄ယောက်ကို စက်တင်ဘာ ၂ရက် ဒီမနက် ၇နာရီခွဲအချိန်က ဝကုန်းကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ (၄) က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့အတူ MA 1 သေနတ် (၄)လက်၊ ကျည် (၁၀၃၀) တောင့်၊ ကျည်ဘောက် (၁၆) ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေကို စစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး KNLA ရဲ့ စည်းမျဉ်းစည်းကမ်း၊ စစ်မြေပြင် စည်းမျဉ်းစည်းကမ်းတို့နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းတွင် စစ်အုပ်စု ဂိတ်စခန်း တိုက်ခိုက်ခံရကာ အကြမ်းဖက်စစ်သား ၂ ဦး သေပြီး ကျန်သူများ ထွက်ပြေး၊ ပေါင်းတည်တွင်လည်း စစ်အုပ်စု ဆိုင်ကယ်တန်း မိုင်းဆွဲခံရပြီး ၁ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်အုပ်စု ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပေါင်းတည်မြို့နယ်က အကြမ်းဖက်ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

Sample Blogသီးစားတောင်သူများထံ ပိုက်ဆံလာကောက်သည့် တပ်ကြီးကြီး မြင့်လွင်ဆိုသူအား PDF ဖမ်းမိ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ တပ်ပိုင်မြေအတွင်း သီးစားလုပ်ကိုင်နေသူတွေဆီက ပိုက်ဆံလာကောက်တဲ့ တပ်ကြပ်ကြီး မြင့်လွင်ဆိုသူကို လက်ပစ်ဗုံးတွေနဲ့တကွ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လုံခြုံရေး တပ်ခွဲ (၂) ရဲ့ တပ်ကြပ်ကြီး မြင့်လွင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က စစ်တောင်းမြစ်အနောက်ခြမ်း၊ တခွဲကြဲကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
Read More

တောင်ခမ်းက စစ်ကောင်စီရဲ့ အမြောက်တပ် လက်နက်တိုက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုက၊တောင်းခမ်းဒေသ (၃၅၄) စစ်ကောင်စီရဲ့ အမြောက်တပ်ထဲ လက်နက်ကြီး ကျရောက်လို့ စစ်ကောင်စီရဲ့ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တယ်လို့ TNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ပုလဲမြို့နယ် ပအဖက နှစ်သစ်မှာ စစ်ဘေးရှောင်တွေ၊ CDM တွေနဲ့ စစ်မှုထမ်းမဲပေါက်လို့ ထွက်ပြေးလာသူတွေကို ကူညီထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ အဖွဲ့က ၂၀၂၅ နှစ်သစ်မှာ ပုလဲမြို့နယ်အတွင်း လာရောက်ခိုလှုံနေထိုင်နေတဲ့ မကွေးတိုင်း‌၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ပြုလုပ်ထားသူတွေနဲ့ စစ်မှုထမ်းမဲပေါက်တာကြောင့် ထွက်ပြေးလာသူတွေကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့အနီးက စစ်ကောင်စီတပ်စခန်းကို CNA နဲ့ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးအပါ စစ်သား ၁၀ယောက်ကျော်သေပြီး၊ ၁၉ယောက်ကို လက်နက်များနဲ့အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။