ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက တောင်ငူမြို့နယ် ပဒဲကျေးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝရဇိန်တပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေက လမ်းပိုင်းတစ်နေရာကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ကြာခဲ့တဲ့ ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကြောင်းက ထိခိုက်သေဆုံးမှုတွေနဲ့အတူ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့ထံက သိရပါတယ်။

“စကမ အထိုင် ပဒဲကျေးရွာကနေ ပတ်ဝန်းကျင်ရွာတွေကို ထိုးတာပါ။ ၁၀ယောက်နီးပါး သေတယ်လို့ ခန့်မှန်းရပါတယ်” လို့ ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၇) ရက်နေ့ကစလို့ ပဒဲကျေးရွာ၊ မြောက်ပိုင်းရွာဦးဘုန်းကြီးကျောင်းနားကို စစ်ကြောင်း ၃ ခုခွဲကာ အင်အား ၁၅၀ နီးပါးနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဒါဟာ အဲ့ဒီနေ့မတိုင်ခင် သြဂုတ်လ ၂၆ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်မှုအပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ်က အနီးနားကျေးရွာတွေကို စီးနင်းလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“၂၇ ရက်နေ့မတိုင်ခင်ကတော့ အခြားတော်လှန်ရေးအင်အားစုတွေက တောင်ငူ တပခ ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မျိုးဆို စစ်ကြောင်းထိုးပါတယ်။ ကျနော်တို့တွေအထိအခိုက်မရှိပါဘူး။ ကျည်ကူယမ်းကူ ရိက္ခာလှူ အိမ်ပြန်ကြစို့တို့အတူဆိုတဲ့ ကမ်ပိန်းလည်း လုပ်ထားပါတယ်” လို့ ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “၈၀ချစ်တယ်” ဟူသော စာတန်း ချိတ်ဆွဲဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်" ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
Read More

မှော်ဘီလေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ဗိုလ်အပါ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီလောက်မှာ အသေခံဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အောင်လံတွင် မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ စစ်မှုထမ်းကြေး တိုးမြှင့်ကောက်ခံရင်း လူငယ်များအား အတင်းအကြပ် စစ်မှုထမ်းစုဆောင်းနေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးဆိုသူက ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးကောက်တာတွေ၊ လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နယ်တွင်း သတင်းတွေဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။