ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာရှိတဲ့ Sky Villa ကွန်ဒိုကို NTL ကုမ္ပဏီက တည်ဆောက်ရောင်းချခဲ့တာဖြစ်ပြီး သေဆုံးကြောင်း အထောက်အထား စာရွက်စာတမ်းတွေ၊ ခိုင်လုံတဲ့အချက်အလက်တွေနဲ့အတူ Sky Villa ယာယီကွပ်ကဲရေးရုံးကို လာရောက်စာရင်းသွင်းဖို့ ကြေညာထားပါတယ်။

NTL ကုမ္ပဏီဘက်က သေဆုံးသူ တစ်ယောက်ကို ကရုဏာ ထောက်ပံ့ကြေး သိန်း ၁၀၀ ပေးမယ်လို့ ဆိုလာသည့်တိုင် ငလျင်လှုပ်ခတ်ပြီး ၅လာကျော်ကြာတဲ့အထိ ဘာတာဝန်ယူမှု တာဝန်ခံမှုမှမရှိဘဲ တောင်းပန်မှုတောင် မရှိတဲ့အတွက် နစ်နာသူတွေက ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်ဒဏ်ကြောင့် ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa ကွန်ဒိုရဲ့ A အဆောင်ဟာ ၅ထပ်လောက် ပြိုကျ ကျွံဝင်သွားပြီး ကျန်တဲ့ အဆောင် ၃ ခုကတော့ လုံးဝ ပြိုကျပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်ပြီးစ ကာလတွေမှာ ပြိုပျက်နေတဲ့ Sky Villa ကွန်ဒိုအဆောက်အအုံကို ဖယ်ရှားရှင်းလင်းဖို့အတွက် ကြန့်ကြာနေတာကြောင့် ဝေဖန်မှုတွေရှိခဲ့သလို လက်ရှိ ငလျင်လှုပ်ခတ်ပြီး ၅လကျော်ကြာတဲ့အထိ အဆောက်အအုံအောက်ထဲက သေဆုံးအလောင်းတွေ ထပ်မံတွေ့ရှိနေပါသေးတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဖော်ပြချက်အရ အဆိုပါ ကွန်ဒိုကနေ အယောက် ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Sky Villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ်ထားကြောင်း ကြေညာကာ တစ်ခန်းကို သိန်း ၈၀၀၀ အထိ ဈေးခေါ် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ဝက်လက်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃၅ ဦး သေဆုံး၊ လက်နက်များစွာ တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

စစ်တပ်ထဲ မဝင်လျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခံရတာကြောင့် စစ်မှုထမ်းဆင်း စစ်သားဖြစ်လာသူ လက်နက်မဲ့ အလင်းဝင်လာ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်မှုထမ်းဆင်း စစ်သား လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။