တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနဲ့ ‌ကျောက်မဲမြို့နယ်တွေမှာ သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ယောက်နဲ့ သုံးစွဲသူ (၁၂)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ်မှာ, မြို့နယ်ရဲတပ်ဖွဲ့က ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁) ယောက်ထံက ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ ယာမဆေးပြား (၁၅) ပြား၊ ဖုန်း (၁) လုံး၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၃) ယောက်လည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သီပေါမြို့နယ်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ယောက်ဆီက ယာမဆေးပြားအထုပ်ကြီး (၁) ထုပ်၊ အထုပ်သေး (၂) ထုပ်နဲ့ ဘိန်းဖြူထည့်ထားတဲ့ ရေသန့်ဗူး (သေး) (၁) ဗူးကို သိမ်းဆည်းရမိခဲ့သလို အဲဒီနောက် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ယောက်ကို ယာမဆေးပြား (၁၁) ပြားနဲ့အတူ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကွတ်ခိုင်မြို့မှာလည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ ရှောင်တခင်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂) ယောက်ထံက ယာမဆေးပြား (၈၀၀) ပြားနဲ့ ဘိန်းဖြူ (၃) ဂရမ်၊ ဖုန်း (၁) လုံး၊ ဆိုင်ကယ် (၁) စီး ဖမ်းဆီရမိခဲ့ပါတယ်။

မန်တုံမြို့နယ်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုသား (၁) ယောက်နဲ့ အမျိုးသမီး (၁) ယောက်ထံက ယာမဆေးပြား (၁၄၄) ပြား၊ ဘိန်းဖြူထည့်ထားတဲ့ ဆေးဗူး (၂) ဗူးနဲ့ ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၈) ယောက်ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းလုံမြို့နယ်မှာလည်း လားရှိုးကနေ ဆင်းလာတဲ့ ကားတစ်စီးကို စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၁) ယောက်ထံက ယာမဆေးပြား (၁ဝ၇,၈ဝဝ) ပြားကို မြို့နယ်ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါသေးတယ်။

မိုင်းငေါ့မြို့လည်း မြို့နယ်ရဲတပ်ဖွဲ့က သတင်းရရှိမှုကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ယောက် ဖမ်းဆီးရမိခဲ့သလို နမ္မတူမြို့နယ်မှာလည်း ရှောင်တခင်စစ်ဆေးရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁) ယောက်ထံက ယာမဆေးပြား (၆၀) ပြားနဲ့ ဘိန်းဖြူထည့်ထားတဲ့ ဆေးဗူးအသေး (၇) ဗူးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ထို့အပြင် ကျောက်မဲမြို့နယ်က စစ်ဆေးရေးဂိတ်တစ်ခုမှာလည်း မြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ယောက်ထံက စိတ်ကြွဆေးပြား (၁၀,၀၀၀) ပြား၊ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် (၆) ခွက်နဲ့ ဆိုင်ကယ် (၁) စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။

တအာင်းပြည် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး သုံးစွဲသူတွေကိုတော့ အကျင့်စာရိတ္တပြုပြင်ပေးသွားမှာဖြစ်ကြောင်း အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ပုလဲတွင် လမ်းမှားပြီးရောက်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ…

“နယ်မြေမကျွမ်းကျင်မှုတွေရော သူတစ်ယောက်တည်းကွဲပြီးတော့ တောထဲမှာ ရောက်လာတယ်။ တောထဲမှာရောက်လာတော့ ကျနော်တို့ အမြဲတမ်း အထိုင်ချကာထားတဲ့ ကာကင်းဘက် မျက်စိလည်လမ်းမှားရောက်လာလို့ ကျနော်တို့ ရဲဘော်လက်ထဲ ဖမ်းမိလိုက်တာ ” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖယ်ခုံ PDF ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံး၊ ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၂ တပ်ရင်း (ဖယ်ခုံ PDF) က တပ်ရင်းတည်ထောင်တာ ၄ နှစ်ပြည့်ချိန်တွင် ရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။