တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာ ရေဖြူမြို့နယ် ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်အရာရှိ ၁ ယောက်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနတပ်ခွဲ -၆ (ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ – ၇(L.P.F) ၊ ဗထူးတပ်မတော် (B.H.A)၊ ရေဖြူမြို့နယ် ပ.က.ဖ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (D.DPDF)၊ ဇင်ယော်တပ်ဖွဲ့၊ ဒေါနစစ်ကြောင်း – ၃ ( KBDF)၊ ရာမညမွန်တပ်တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း – ၂၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဝေဟင်တပ်ဖွဲ့

0 Shares:
You May Also Like
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆွစ်ဇာလန်နိုင်ငံ ဘားတွင် မီးလောင်ပြီး လူပေါင်း ၄၀ ခန့် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ဆွစ်ဇာလန်နိုင်ငံ အဲလ်ပိုင်းတောင်တန်းပေါ်က နာမည်ကြီး နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုရဲ့ ဘားမီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၄၀ လောက် သေဆုံးကာ ၁၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Read More

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးပြီး နယူးယောက်က မူးယစ်တိုက်ဖျက်ရေးဌာနကို ခေါ်ဆောင်လာ (ရုပ်/သံ)

မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ ဗင်နီဲဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို အမေရိကန်မူးယစ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ၄င်းတို့ရဲ့ ရုံးထဲကို ခေါ်ဆောင်သွားကြပြီလို့ သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးမှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်စီးနေတဲ့ မှတ်တမ်းရုပ်သံကို ပအိုဝ်းဒေသတွင်း မတရားမှုတွေကို ဖော်ထုတ်နေတဲ့ Pa-O LOYWEl Facebook ပေ့ချ်ကနေ ဖော်ပြခဲ့ပါတယ်။ 
Read More

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို AA ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ် (ရုပ်/သံ)

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။