ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းက တောင်ငူမြို့နယ် ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ် အထိအခိုက်များကာ ပြန်လည်ဆုတ်ခွာထွက် ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်တွေဖြစ်တဲ့ ဖိုက်တာစားခဲ၊ ပုဝါနီစစ်ကြောင်း၊ သမန်းကျားတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဝရဇိန်

0 Shares:
You May Also Like
Read More

ဆင်ပေါင်ဝဲတွင် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လမ်းမပေါ် ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်မှု ၄ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်‌တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ Vest တွေကို ဝယ်ပြုနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၁၉ ဦး သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ချေမှုန်း၊ စစ်သားနှင့် ပျူ ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Anyar Federal Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။