မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နောက်လိုက် ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁ရက် မနေ့ညက မုဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်နောက်လိုက် ပျူစောထီး ၁ယောက်ဖြစ်သူ မောင်မျိုးဆိုသူကို လမ္မကြီး မော်-သံလမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ မောင်မျိုးဟာ  အကြမ်းဖက်စစ်တပ်နောက်လိုက်ရင်း စရဖ သတင်းပေးလုပ်နေသလို ပျူစောထီးအကြီးစားဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မုဒုံမြို့နယ် မော်-သံ လမ်းပိုင်းရှိ ရွှေဟင်္သာဈေး

ပျူစောထီး မောင်မျိုးဟာ မုဒုံ အထက (၁) ကျောင်းစောင့်၁ယောက်လည်းဖြစ်ပြီး မနေ့ည၇နာရီအချိန်၊ မော်-သံလမ်းပိုင်းက ရွှေဟင်္သာဈေးရှေ့မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း မုဒုံတော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီလုပ်ဆောင်မှုကို မော်လမြိုင်ခရိုင် စစ်ဆေးရေးအဖွဲ့နဲ့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှင်းလင်းပြီးတာနဲ့ တပြိုင်နက် အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

စစ်ကောင်စီဟာ ကျားဖြန့်နဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ကူညီအားပေးနေလို့ နိုင်ငံတကာက တိုက်ရိုက်အရေးယူပေးဖို့ Justice For Myanmar က တောင်းဆို

စစ်ကောင်စီဟာ ဒေသတွင်းမှာ အားကောင်းလာတဲ့ ဆိုင်ဘာငွေလိမ်ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုများကို အဓိက အားပေးကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စုကို တော်လှန်ခဲ့သည့် KNDF တပ်ရင်းအမှတ် ၁၂ တည်ထောင်မှု (၄) နှစ် ပြည့်ပြီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၂ ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အောက်တိုဘာလ ၁ ရက် မနေ့က ၄ နှစ်ပြည့်မြောက်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများက CDF-Mindat ထံ အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေကို ပြည်သူတွေ လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် ပျူစောထီးရွာကိုသွားသည့် ဒုရဲအုပ်နှင့် ရဲတပ်သား ကြားဖြတ်ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို သွားတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်လုံး သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။