မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မင်းအောင်လှိုင်ကို တီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေး‌နွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားခဲ့သလို ရှီကျင့်ဖျင်က လုံခြုံရေး၊ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်မှု ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးမှုအရှိန်မြှင့်တင်ရေးတို့အတွက် တရုတ်အကူအညီတွေအပါအဝင် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်အကြောင်း ဆွေးနွေးပွဲမှာ အလေးပေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်အစိုးရက အကြမ်းဖက်စစ်အုပ်စုအတွက် စစ်လက်နက်၊ အကာအကွယ်နဲ့ ငွေကြေးတွေ ဆက်လက်‌ထောက်ပံ့နေပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတယ်လို့ JFM က ဆိုပါတယ်။

(ဓာတ်ပုံ JFM)

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း SCO ထိပ်သီးအစည်းအဝေးရဲ့ သီးခြားတွေ့ဆုံမှုမှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါတွေဟာ အိန္ဒိယနိုင်ငံအနေနဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို လောင်စာဖြည့်ပေးမယ့် နောက်ထပ်စစ်လက်နက်တွေကို စစ်အုပ်စုထံ ပေးအပ်မယ်လို့ အဓိပ္ပာယ် သက်ရောက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုဒီက စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကနေ တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့ မျှော်လင့်ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လမ်းကြောင်း ဖြစ်ဖို့ ထောက်ခံကြောင်း၊ ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုကသာ ရှေ့ဆက်ချီတက်နိုင်မယ့် တခုတည်းသောနည်းလမ်းဖြစ်ကြောင်း မင်းအောင်လှိုင်ကို ပြောဆိုခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်ပါတယ်။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ စစ်အုပ်စုရဲ့ SCO အဖွဲ့ဝင်ဖြစ်ရေး တရားမဝင် တောင်းဆိုမှုကို ထောက်ခံထားပြီး စစ်အုပ်စုခေါင်းဆောင်မှုအတွက် ပံ့ပိုးကူညီမှုမှန်သမျှဟာ ပြည်သူအပေါ် ကျူးလွန်တဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေအတွက် ရဲဆေးတင်ပေးတာသာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေအနေနဲ့ တရားမဝင် စစ်အုပ်စုအတွက် နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ချက်ချင်းအဆုံးသတ်ပြီး စစ်လက်နက်ရောင်းချမှုတွေကိုလည်း ရပ်တန့်ထားရမယ့်အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်း ရပ်ဆိုင်းရမယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေး ထောက်ခံဆန္ဒပြပွဲ တောင်ကိုးရီးယားတွင် ကျင်းပပြုလုပ်

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ‌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ တော်လှန်ပြည်သူတွေထံက သိရပါတယ်။
Read More

အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်နေတဲ့ စစ်ကောင်စီကို ကုလနဲ့ နိုင်ငံတကာက လက်ပိုက်ကြည့်နေဆဲလား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းနိုင်ငံရှိ မုန့်မျိုးစုံ ထုတ်လုပ်သည့် အလုပ်ရုံမှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။