မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ဖို့လာတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂ ရက် ဒီမနက် ၁၀ နာရီလောက်မှာ စလင်းမြို့နယ် လဝကရုံးကို မှတ်ပုံတင်လာလုပ်တဲ့ ကျောက်ရဲတုန်းကျေးရွာနေ လင်မယား ၂ ယောက်ဟာ မှတ်ပုံတင်လုပ်ဖို့ စာရွက်စာတမ်းတွေ ပေးပြီး ရုံးအပြင်မှာ ထိုင်နေချိန် စစ်ကော်မရှင်တပ်သားတွေ ရောက်လာကာ အမျိုးသားဖြစ်သူ ကိုဝေဖြိုးမောင်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ဘာကြောင့်ဖမ်းတာလဲတော့ ကျနော်တို့လည်း မသိဘူး။ စစ်မှုထမ်းဖို့အတွက်လား ပေါ်တာဆွဲလား ဆိုတာ။ သူတို့ သတင်းတစ်ခုခုရလို့လား.. အဲ့လိုတော့ မပြောတတ်ဘူး။ ဒါပေမယ့် သူက PDF မဟုတ်ဘူး။ မိန်းမလုပ်တဲ့သူက လမ်းဘေးမှာထိုင်ပြီး ငိုယိုလို့” လို့ စလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မတရားဖမ်းဆီးခံရတဲ့ ကိုဝေဖြိုးမောင်ကို စစ်ကော်မရှင်တပ်သားတွေက စလင်းရဲစခန်းထဲ ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။ အရင်ကလည်း စလင်းမြို့နယ်မှာ လဝကရုံး လာတဲ့ လူတွေကို ဖမ်းဆီးတာမျိုးတွေ ရှိခဲ့တယ်လို့ အထက်ပါ ဒေသခံက ပြောပြပါတယ်။

“အရင်တုန်းကလည်း အခုလို ဖမ်းဆီးတာရှိတယ်။ မှတ်ပုံတင်လာလုပ်တဲ့ လူငယ်လေးတွေကို သူတို့ စလင်း လဝကရုံးမှာ အကြမ်းဖက်လူတွေဆိုပြီးတော့မှ ဖုန်းဆက်ပြီး လာဖမ်းခိုင်းတာ၊ ပေါ်တာဆွဲတာမျိုးတွေ ရှိတယ်။ ရုံးထဲမှာ မဖမ်းဘဲနဲ့ ရုံးအပြင်ဘက် ထောင့်စွန်းလေး ခပ်ဝေးဝေးမှာဆွဲတာ.. ရုံးထဲဖမ်းရင် ရုံးမှာလည်း ပြဿနာတွေ ရှိလာနိုင်မှာစိုးလို့.. အရင်ကတည်းက ရှိခဲ့ဖူးတယ်” လို့ ဆိုပါတယ်။

စလင်းမြို့နယ်ရှိ ပြည်သူတွေအနေနဲ့ အခုလို ကာလမျိုးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ မည်သည့်ရုံးကိုမဆို သွားလာခြင်းတွေ မပြုလုပ်ကြဖို့ နှိုးဆော်သတိပေးမှုတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဆေးရေးလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးသည့် ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တပ်ရွာက ပျူစောထီးတစ်ယောက်ကို စစ်ဆေးမှုပြုလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။