မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်တန်းအစည်းအဝေးမှာ မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် မိုဒီက အခုလိုပြောဆိုခဲ့တာပါ။

မိုဒီက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လမ်းကြောင်း ဖြစ်ဖို့ ထောက်ခံကြောင်း၊ ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုကသာ ရှေ့ဆက်ချီတက်နိုင်မယ့် တခုတည်းသောနည်းလမ်းဖြစ်ကြောင်း မင်းအောင်လှိုင်ကို ပြောဆိုခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးအကြား ဖွံ့ဖြိုးရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲရေးနဲ့ နယ်စပ်ကုန်သွယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွေကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ ဆက်သွယ်ရေးစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့လိုတယ်လို့ မိုဒီက ထောက်ပြခဲ့ကြောင်း MEA က ဆိုပါတယ်။

အိန္ဒိယအနေနဲ့ သူ့ရဲ့ “အိမ်နီးချင်း ဦးစားပေး” နဲ့ “အရှေ့မျှော်” မူဝါဒတွေရဲ့ အစိတ်အပိုင်းတခုအဖြစ် မြန်မာနဲ့ဆက်ဆံရေးကို အလေးထားကြောင်း မိုဒီက ပြောပါတယ်။

(ဓာတ်ပုံ PTI)

စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စစ်အုပ်စုဟာ နိုင်ငံအနှံ့ နေရာများစွာ ထိန်းချုပ်မှုဆုံးရှုံးခဲ့ရပြီး လက်ရှိမှာတော့ မြန်မာပြည်ရဲ့ နယ်စပ်ဒေသအားလုံးကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အာဏာသိမ်းမှုကို ရှုတ်ချနေချိန် အိန္ဒိယဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေး ထိန်းသိမ်းထားဆဲဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နေကြောင်း မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

အခုတွေ့ဆုံမှုက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့ ရပ်တည်ချက်ကို ပိုမိုထင်ရှားစေခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း – India hopes for fair elections in Myanmar: PM Modi to Myanmar’s junta chief

 

0 Shares:
You May Also Like
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။