မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ယနေ့စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီး လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တာဖြစ်ပြီး လူ ၂ ယောက် သေဆုံးကာ လူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ယောက်မှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုကိုတော့ မိနစ်ပိုင်းအတွင်း ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စက်ချို့ယွင်းနေသည့် စစ်ကောင်စီ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းနေတဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်ထက်မနည်းသေကာ ပြည်သူ့ရဲ‌ဘော် ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို စက်တင်ဘာ ၂၃ ရက်က တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင် ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခံရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မနေ့ညပိုင်းက Ngwe Dwin Revolution Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့အဝင် အနီးနားက ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် အနီးနားမှာရှိတဲ့ ရိုးရာဆန်အရက်ချက်စက်ရုံကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။