စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင်ကွပ်ကဲရေးမှူးရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ အနောက်မြောက် တိုင်းစစ်ဌာနချုပ်အတွင်းကို သြဂုတ် ၂၆ ရက်နဲ့ သြဂုတ် ၂၉ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း နမခစစ်တိုင်းရုံးအတွင်းရှိ ယမ်းသိုလှောင်ရုံမီးလာင်ပျက်စီးကာ အရာရှိ ၃ ယောက်နဲ့ စစ်သည် ၅ ယောက်သေဆုံးကာ ၇ ယောက် ထိခိုက်ဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရ စစ်ကော်မရှင်တပ်သားတွေကိုတော့ တဆ (ခွဲ) ၄/၃၀၀ တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊ Anonymous Heroes၊ Bandula Defense Force၊ Budalin Defense Force၊ Federal Democratic Force၊ Chindwin Brothers၊ အုပ်ကြီးနှင့်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Chindwin Rocket Brothers -C.R.B

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ် မှော်တောင် ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

ဒီမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ချေမှုန်းခံရ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်မှာ ပင်လုံရင်ပြင်ကို ငါတို့ပြန်လာပြီ လှုပ်ရှားမှု (ရုပ်/သံ)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်ကဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖြစ်တဲ့ “အလိုမရှိ” သီချင်းကို ဘလူးတုဘောက်နဲ့ ဖွင့်လှစ်ခဲ့ပြီး စစ်အဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။