ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

အဆိုပါစစ်ရှောင်ပြည်သူတွေကို အခြေခံအစားအသောက်တွေဖြစ်တဲ့ ဆန်၊ စားသုံးဆီ၊ အာလူး၊ ကုလားပဲ၊ အသားတု၊ ပိန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ယံယံခေါက်ဆွဲထုတ်တွေအပြင် ဟင်းစိမ်းတွေနဲ့ ကလေးငယ်တွေအတွက် အာဟာရမုန့်တွေတို့ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေသူတွေဟာ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ သီပေါမြို့ပေါ် ရပ်ကွက်တွေကနေ တိမ်းရှောင်လာသူတွေ ဖြစ်ပြီး အမျိုးသမီး ၂၁၁ ယောက်နဲ့ အမျိုးသား ၁၈၈ ယောက် စုစုပေါင်း ၃၉၉ ယောက်အတွက် တအာင်းအမျိုးသမီးအဖွဲ့စည်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်တွင် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် Grade 12 ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းစာရင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ဖယ်ရှားပေးဖို့ NUG တောင်းဆို

အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့  လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့  စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အတူ  တရားခံစာရင်းမှာ ထည့်သွင်းထားတာကြောင့်၊ ဖမ်းဝရမ်း ထုတ်ခြင်းကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် စစ်ရှောင်နဲ့ဒေသခံပြည်သူတွေအတွက် NUG အစိုးရမှ အာဟာရနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။