အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်က လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

အစည်းအဝေးမှာ စစ်ဆင်ရေးဆိုင်ရာ၊ နယ်မြေနေရာချထားရေးဆိုင်ရာနဲ့ ရဲဘော်အင်အား ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အစည်းအဝေးကို ရန်ကုန်တိုင်း ပကဖ ဒုတာဝန်ခံ (စစ်ဘက်ရေးရာ)၊ တိုင်းဒုတာဝန်ခံ (ပြည်သူ့ရေးရာ)၊ တိုင်းရေးတာဝန်ခံ၊ တိုင်းလေ့ကျင့်ရေးတာဝန်ခံ၊ တောင်ပိုင်းခရိုင်ဇုန် (၁) စစ်ဘက်ရေးရာ တာဝန်ခံ၊ တောင်ပိုင်းခရိုင်ဇုန် (၂) စစ်ဘက်ရေးရာတာဝန်ခံ၊ အနောက်ပိုင်းခရိုင် စစ်ဘက်ရေးရာ တာဝန်ခံ နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊ ၂၊၄) စစ်ဘက်ရေးရာ တာဝန်ခံတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပကဖ အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဆီတင် သင်္ဘောတစ်စီးကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သလို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့ စစ်တပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲကိုလည်း ဝင်ရောက်ပြီး မိုင်းခွဲ တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် CDF ဟားခါးက ဆုငွေချီးမြှင့်ခဲ့တယ်လို့ Chinland Defense Force - CDF ဟားခါးက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။