စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၃၁ ရက် မနက် ၈ နာရီခွဲလောက်မှာ ချပ်သင်းကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ပုဏ္ဏားကြီးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဦးကင်းကြည်ရွာနဲ့ နှောကုန်းရွာဘက်ကို ဒရုန်းဗုံးသီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပုဏ္ဏားကြီးရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၄၅ နှစ်အရွယ် ကိုဇော်မျိုးလှိုင်နဲ့ ဇနီးဖြစ်သူ ၄၄ နှစ်အရွယ် မမာမာသင်းတို့ ၂ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့သလို စစ်ရှောင်တဲ ၄လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါ စစ်အုပ်စု ပုဏ္ဏားကြီးရွာ အရှေ့ဘက်အရောက်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အထိနာကာ ရှေ့ဆက်မတိုးတော့ဘဲ ချပ်သင်းအထိုင်စခန်းထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ကျီကျင်းရွာကို ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ အယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ အဲဒီထဲက အမျိုးသား ၈ ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူနယ်အစပ် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ လက်ဦးမှုယူကာ တိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force ထံက သိရပါတယ်။
Read More

မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ်(၁၂) မဲနှိုက်ဖို့ စစ်အုပ်စုအပေါင်းအပါများ လုပ်ဆောင်နေ 

မန္တလေး​မြို့၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေ စစ်မှုထမ်း မဲနှိုက်ဖို့အတွက် ရပ်ကျေးအာဏာပိုင်တွေက လိုက်လံ​ပြောဆိုနေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။