ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုကနေ ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်ကနေ (၂၈) ရက်အထိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ ဗဟိုဌာနချုပ် ကော်မတီ အဖွဲဝင်တွေနဲ့ ခရိုင် အမှတ်(၇) မြို့နယ် အမှတ် (၂၄) ကျောက်မဲမြို့နယ်က အုပ်ချုပ်ရေးဘက်ဆိုင်ရာ၊ တပ်ဘက်က်ဆိုင်ရာ တာဝန်ရှိသူတွေက ဟဲကွီကျေးရွာအုပ်စု ၊ ပုံဝိုးကျေးရွာအုပ်စုအတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ်သိန်း (၅၀၀) ကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမုန့်၊ သွားတိုက်တံ၊ မိုးကာ၊ နိုင်လွန်ကြိုး စတဲ့ စားသောက်ဖွယ်ရာ ကုန်ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် (SSPP/SSA) ဗဟိုဌာနချုပ်ရဲ့ ကျန်းမာရေးဌာန၊ ကျန်းမားရေးတပ်ဖွဲ့ဝင်တွေက စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ စစ်ဘေးရှောင် လူနာစုစုပေါင်း (၁၀၀) ကျော်ကို ဆေးကုသမှု အကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နောင်ပိန်ကျေးရွာအုပ်စုကနေ ဒေသခံပြည်သူ ၆,၇၀၀ ကျော်ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့  ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ SSPP/SSA က ဆိုပါတယ်။

ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ (၆၇၀၀) ကျော်ဟာ နောင်ပိန်ကျေးရွာအုပ်စုအတွင်းက ပန်တီး၊ နောင်ပစ်၊ ပန်မခေါ်၊ လုံကိန်၊ ပင်တိန်၊ နောင်ပိန်၊ လုပ်ပါ၊ လုပ်အင်၊ ခွန်ညု၊ နောင်ပိန်လမ်းခွဲ ကျေးရွာတွေမှာ နေထိုင်သူတွေ ဖြစ်ပြီး အဆိုပါဒေသအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးတာကြောင့် နေရပ် မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း မဲပေါက်ခဲ့သူ လက်နက်နှင့်တကွ အလင်းဝင်လာ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲနှိုက်ကာ စစ်ကော်မရှင်တပ်ထဲ ရောက်သွားခဲ့တဲ့ တပ်သား ဖြိုးမင်းစံ ဆိုသူဟာ စက်တင်ဘာ ၉ရက် မနေ့က မနက်ပိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။