မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF (မကဒတ) ကို ၂၇ ကြိမ်မြောက် နာဂိုယာင်္သကြန်ပွဲတော်ကနေ ရရှိလာတဲ့ ထောက်ပို့ငွေ ပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေတွေအပေါ် အမြင်ဖလှယ်ဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်မှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။

အဆိုပါအခမ်းအနားမှာ နာယကဆရာတော် အရှင်ထာဝရ၊ မကဒတ ဥက္ကဌရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော်လဆိုင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီနဲ့ နာဂိုယာ သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီဝင် ကိုအောင်အေးဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို နာဂိုယာ သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီဝင်တွေ၊ မကဒတရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ စစ်ကြောင်းမှူးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မကဒတ ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ စစ်ရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိ စစ်ရေးအခြေအနေတွေကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ဖလှယ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆိုပြီး သီချင်းဆိုနေသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅၇ ဦးသေဆုံးပြီး ၉၈ ဦး ဒဏ်ရာရ၊ လက်နက်မျိုးစုံ ၅၈ လက်သိမ်းဆည်းရမိ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၇ ယောက် သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနှင့် ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။