မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။

သြဂုတ်လ ၃၀ ရက် မနက် ၁၀ နာရီလောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ စစ်ကော်မရှင် စက်တပ်လေထီး ၂ စီးဟာ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ငကင်းကျေးရွာအလယ်ရှိ မာန်အောင်ရတနာဘုရားနားကို ဗုံးသီးကြဲချခဲ့လို့ ဒေသခံ ၂ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“အဲ့နေ့က ဥပုသ်နေ့လည်း ဖြစ်တယ်။ ဥပုသ်သည်တွေကို ထမင်းကျွေးဖို့လုပ်နေတာလို့ ပြောတယ်။ အဲ့မှာ ပြည်သူ တော်တော်များများ ထိတယ်။ သူတို့လာကြဲတာက ဘုန်းကြီးကျောင်းထဲတော့ မဟုတ်ဘူး။ ဘုရားရှေ့မှာကျတာ ဘုရားတွေ ရှိတယ်။ ရွာလယ် ဘုရားရှေ့မှာ.. အဲ့နားလေးမှာကျတာ.. ပွဲချင်းပြီးသေတာက ၂ ယောက်၊ ကျန်တာက ၈ ယောက်လောက် ဒဏ်ရာရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေး ကျင်းပဖို့ လုပ်ဆောင်နေတာမျိုးရှိပေမယ့် စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးက ပစ်ခတ်မှုမလုပ်ခင် နာရီဝက်လောက် ပျံဝဲနေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အစည်းအဝေး မလုပ်တော့ဘဲ ရှောင်တိမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလို့လဲဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျ မသိဘူး။ ဒါပေမယ့် အဲ့နေ့က ကျနော်တို့ အစည်းအဝေးရှိတယ်။ အဲ့မှာပဲ ကိုယ့်အစည်းအဝေးရှိလို့ ကြဲတာလား၊ စစ်ကိုင်းမြို့နယ်ထဲမှာ လမ်းကြောင်းတွေ ပိတ်ထားတော့ မြင်းမူကနေ သွားတဲ့လမ်းကြောင်းရှိတာကို သူတို့က အဓိက ချချင်တာလား မသိဘူး။ ကျနော်တို့လည်း အစည်းအဝေး ဖျက်ပစ်လိုက်တယ်။ သူ မချခင် ဝဲနေတာ နာရီဝက်လောက်ကြာတယ်။ ဝဲနေကတည်းက ချတော့မှာဆိုတော့ ကျနော်တို့က သိနေတယ်။ ပါရာမော်တာတွေ တက်လာရင် အလုပ်မလုပ်ဘဲ ပြန်ဆင်းတယ်ဆိုတာ သိပ်မရှိဘူး” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကလည်း ငကင်းရွာကို စစ်ကော်မရှင်တပ်က ပေါင် ၃၀၀ ဗုံးသီးတစ်လုံး ကြဲချခဲ့ပေမယ့် အဆိုပါ ဗုံးသီးဟာ မပေါက်ကွဲဘဲ ကျရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သံဖြူဇရပ်-ရေးလမ်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ်(၈)လမ်းမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရခဲ့တယ်လို့ Ramonya Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။