စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အကြမ်းဖက်စစ်တပ်က မြို့ရွာတွေပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုတစ်ခုမှာလည်း Mask တပ်ထားတဲ့ စစ်ကော်မရှင်တပ်သား ၃ ယောက်က လူငယ် ၁ ယောက်ကို အတင်းအဓမ္မခေါ် ဆောင်ကာ ရုန်းရင်ဆန်ခတ်ဖြစ်နေကြပြီး အဆိုပါလူငယ်က ပြန်လည်ရုန်းကန်နေကာ အမျိုသမီးကြီးတွေက မလုပ်ဖို့ အသနားခံ ပြောဆိုနေသံကို ကြားရပါတယ်။

ဖြစ်စဉ်မှာ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဆွမ်းလောင်း ရေစက်ချပွဲပြုလုပ်နေချိန် လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲစခန်းမှူး ရဲအုပ်ဦးစီးတဲ့ ရဲနဲ့ စစ်သားတွေ ဟာ ဘုန်းကြီးကျောင်းသားတွေကို စစ်မှုထမ်းဖို့ အသက်ပြည့်မှီတယ်ဆိုပြီး ပေါ်တာဆွဲနေတာဖြစ် တယ်လို့ ပြောဆိုကြပါတယ်။

ဘုန်းကြီးကျောင်းသား ၄ ယောက် ဖမ်းဆီးခံခဲ့ရကာ ကျေးရွာဘုန်းကြီးနဲ့ မိဘတွေက ငွေပေးပြီး ပြန်လည်‌ရွေးထုတ်ရာမှာတော့ ၃ ‌ယောက် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရန်ကုန်ကို လမ်းဖောက်မယ်

ရန်ကုန် PDF နဲ့ ရန်ကုန် ပကဖ တို့ အတူတကွ ဟန်ချက်ညီညီ ဆောင်ရွက်ကြမယ့် ရန်ကုန်သို့ လျှောက်သောလမ်း "Road to Rangoon" Campaign ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်တော့မှာဖြစ်ပါတယ်။ 
Read More

မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် - ၈ တပ်ရင်းထံက သိရပါတယ်။
Read More

Hornet PDF ရဲဘော်တွေ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

ပျားတူတပ်ရင်းက ရဲ‌ဘော်တွေ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲ၊ သူတို့ကြုံနေရတဲ့အခက်အခဲက ဘာတွေလဲဆိုတာ Hornet PDF က မှတ်တမ်းရုပ်သံနဲ့တကွ တင်ပြထားပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒီဇင်ဘာ ၂၅ ရက် မနေ့က ညနေပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။