အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းလည်း ဖြစ်သူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပယ်လိုက်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်တပ်ထဲမှာ ဒုဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်တဲ့ ဦးစိုးထက် (ခ) ဆလိုင်းမဲလုဟာ အခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော် အာဏာကို အဓမ္မလုယူခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်တာကြောင့် NLD ပါတီက ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာလုစစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှု ရရှိစေဖို့ ရည်ရွယ်ပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်အားထုတ်နေမှုကို NLD ရဲ့ ကြားကာလဗဟိုကော်မတီအစည်းအဝေးတွေမှာ အသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာမပြုဖို့ ထုတ်ပြန်တား မြစ်ထားပြီးဖြစ်တာကို မျက်ကွယ်ပြုပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲဝင်မယ့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ ၊ NLD ပါတီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာသူအဖြစ် သတ်မှတ်ကာ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း NLD က ကြေညာထားပါတယ်။


ဦးစိုးထက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး NLD အစိုးရရဲ့ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

လွတ်လပ်သန့်ရှင်း တရားမျှတစွာ ကျင်းပနိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြု ထုတ်ပြန်ထားခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကြမ်းဖက်စစ်အုပ်စုက ငြင်းဆန်ကန့်ကွက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲတွေကို မတရားဖမ်းဆီးခဲ့ကြောင်း NLD ပါတီက ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ပြီးခဲ့တဲ့လမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၃၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သား နေအိမ်များကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကခရိုင် အမှတ် ၁၉ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စက်တပ်လေထီး ပစ်ချခံထားရသည့် မြိုင်နှင့်ပေါက်အစပ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်အုပ်စုဘက်အထိနာပြန်ဆုတ်သွား

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ စစ်တပ်ရဲ့ ပါရာမော်တာ စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးတဲ့နောက် အဆိုပါ နေရာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။