စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃၁ ရက် မနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ သမင်ခြံကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဘာထိတွေ့မှုမှ မရှိပါဘူး။ ဒီအတိုင်း လာကြဲသွားတာ၊ ရွာသားတွေ ပြောတာတော့ ထုတ်လုပ်ရေးစခန်းဟောင်း ရှိတယ်။ အဲ့ဟာကို လာကြဲတာတဲ့။ နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးသွားတယ်” လို့ ကနီ နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သမင်ခြံရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်ကွင်း

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သမင်ခြံကျေးရွာနဲ့ အနီးနားကျေးရွာတွေက ဒေသခံတွေ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ သမင်ခြံစံပြကျေးရွာအနေနဲ့ ဒါဟာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း သံဃာတော်တစ်ပါး အပါအဝင် ၃ ယောက် သေဆုံးကာ အများအပြား ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ကနီမြို့နယ် အရှေ့ပိုင်းရှိ ကနဲ – သခွတ္တနယ် – ညောင်ကန်လမ်း တစ်နေရာကို စက်တပ်လေထီးနဲ့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့ပါသေးတယ်။

သမင်ခြံရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်ကွင်း
0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅၇ ဦးသေဆုံးပြီး ၉၈ ဦး ဒဏ်ရာရ၊ လက်နက်မျိုးစုံ ၅၈ လက်သိမ်းဆည်းရမိ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှာ ဇန်နဝါရီလတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၇ ယောက် သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာလတွင် နိုင်ငံတဝန်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၁၅ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ ၁၁၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့  မြန်မာစစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားဖို့ တော်လှန်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားမယ်လို့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ TNLA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။