အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်က လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

အစည်းအဝေးမှာ စစ်ဆင်ရေးဆိုင်ရာ၊ နယ်မြေနေရာချထားရေးဆိုင်ရာနဲ့ ရဲဘော်အင်အား ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အစည်းအဝေးကို ရန်ကုန်တိုင်း ပကဖ ဒုတာဝန်ခံ (စစ်ဘက်ရေးရာ)၊ တိုင်းဒုတာဝန်ခံ (ပြည်သူ့ရေးရာ)၊ တိုင်းရေးတာဝန်ခံ၊ တိုင်းလေ့ကျင့်ရေးတာဝန်ခံ၊ တောင်ပိုင်းခရိုင်ဇုန် (၁) စစ်ဘက်ရေးရာ တာဝန်ခံ၊ တောင်ပိုင်းခရိုင်ဇုန် (၂) စစ်ဘက်ရေးရာတာဝန်ခံ၊ အနောက်ပိုင်းခရိုင် စစ်ဘက်ရေးရာ တာဝန်ခံ နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊ ၂၊၄) စစ်ဘက်ရေးရာ တာဝန်ခံတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပကဖ အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဆီတင် သင်္ဘောတစ်စီးကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သလို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့ စစ်တပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲကိုလည်း ဝင်ရောက်ပြီး မိုင်းခွဲ တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။
Read More

မှော်ဘီတွင် စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းပိုင်သည့် ဆိုင်ခန်းများ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေတပ်နှင့် ပတ်သက်သူများကို တိုက်ခိုက်မည်ဟု Yangon Army အသိပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ အကြမ်းဖက်လေတပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာတွင် စစ်ကူသွားသည့်ကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၂ယောက်သေ၊ အရှင် ၁ဦးနှင့် လက်နက်ခဲယမ်းတစ်ချို့ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ စစ်ကူလာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း၁ယောက်၊ ကား၁စီးအပါအဝင် လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။