မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃၀ ရက် ညနေပိုင်းမှာ ကမ္မမြို့ရဲစခန်းကို M9 ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲစခန်းအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကမ္မမြို့ အရှေ့ဘက်ခြမ်းကို ကင်းပတ်ကာ ပြည်သူ ၁ ယောက်ရဲ့ ဖုန်းကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ ကမ္မရဲစခန်းက စစ်ကော်မရှင်တပ်သားတွေဟာ ညအချိန်မှာ အော်ဟစ်ဆဲဆိုပြီး သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Three Brother Defence Force-TBDF (ကမ္မတပ်ပေါင်းစု)၊ Kamma Revolution Force နဲ့ PDF Kmma (ကမ္မတပ်ပေါင်းစု) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Three Brother Defence Force

0 Shares:
You May Also Like
Read More

ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တောင်ညိုတပ်ရင်း ရဲဘော် ၂ ဦး၏ နောက်ဆုံးခရီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

ပလိုင်း‌ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို ၅ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ပလိုင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

မြိတ်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် စစ်တပ်ရိက္ခာတင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာ တင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။