ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃၀ ရက် ညနေ ၅နာရီလောက်မှာ စစ်ကော်မရှင်စစ်ကြောင်းကို KIA,KPDF တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် လုံခင်းကျေးရွာ ဂေါက်ကွင်းအနီးမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မှော်စီစာရွာ ရွှေညောင်ပင်ဆီဆိုင်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ တစ်ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူ ၄ ဦးလို့ သိရတယ်။ ၄ ဦးကတော့ ဒဏ်ရာ အရမ်းကြီးပြင်းထန်တာတော့ မဟုတ်ဘူး။ သေဆုံးသူ တစ်ဦးရှိတယ်လို့ သိရပေမယ့် သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာဆိုတော့ ဒီလက်နက်ကြီးက ဘယ်ကနေ ပစ်တာလဲဆိုတာ ဝေခွဲရခက်တယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ည ၇ နာရီလောက်မှာလည်း ဖားကန့်ဗျူဟာကုန်းကနေ ရှရော်ခကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့ပေမယ့် အဆိုပါကျေးရွာကိုကျော်ပြီး မနကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

“ရှရော်ခကျေးရွာကို ပစ်တာကနေ ကျော်ပြီးတော့ကျတယ်။ ရှရော်ခကျေးရွာ ညောင်ပင်ကုန်းမှာ KIA KPDF နဲ့ စစ်ကောင်စီ ညောင်ပင်ကုန်းကဟာတွေနဲ့ မမောင်းလျှံဘက်ကဟာတွေ စစ်ဆိုင်ထားတဲ့အနေအထားရှိတာကို.. အဲလိုအနေအထားမှာ ရှရော်ခကျေးရွာကို လှမ်းပစ်တာ မနကျေးရွာကိုကျော်ပြီးကျတာ.. အဲဒီမှာ တစ်ဦးသေဆုံးတယ် ၊ သူ့အမျိုးသမီး ဒဏ်ရာရတယ်။ တခြား ၂ ယောက်ဒဏ်ရာရတယ်” လို့ အထက်ပါ ဖားကန့်နယ်ခံက ဆက်ပြောပါတယ်။

သြဂဒတ်လ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ ဖားကန့်ဗျူဟာကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်၊ အေးမြသာယာ အရှင်ကြီးကုန်းတို့ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဖားကန့်မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် ဒေသခံများ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၉၄၂၀ တပ်ရင်းရဲ့ ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် ၉၄၂၀ တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။