စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နဲ့ သြဂုတ်လ ၂၆ ရက်နေ့တွေမှာ မုံရွာခရိုင် ကွပ်ကဲရေးမှုးရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ Chindwin Rocket Brothers-CRB နဲ့ ပူးပေါင်းတပ်တွေက နမခဌာနချုပ်ဝန်းထဲကို တစ်ကြိမ် ရော့ကတ် ၁၀ လုံးစီ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်တိုင်းရုံးက အရာရှိ(၃)ယောက်နဲ့ စစ်သား (၅) ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အပြင်းအထန်ထိခိုက်ခဲ့သူ ၇ ယောက်ကိုလည်း တဆ (ခွဲ) ၄/၃၀၀ တပ်ဆေးရုံမှာ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း Chindwin Rocket Brothers-CRB တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအတွင်း ယမ်းသိုလှောင်ရုံတစ်ခုလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က တစ်ကြိမ်၊ ဒီလ ၂၆ ရက်နေ့က တစ်ကြိမ် လုပ်ခဲ့တာကို ပေါင်းထုတ်လိုက်တာပါ။ ရော့ကတ်တွေပစ်ဖို့ အဓိကဖြစ်တဲ့ ထုတ်လုပ်ရေးက ကူညီပံ့ပိုးမယ့်သူနည်းတာမို့ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလိုလုပ်နိုင်တာလည်း မဟာမိတ်အဖွဲ့ရဲ့ အကူအညီတွေ အများကြီးပါပါတယ်” လို့ Chindwin Rocket Brothers-CRB တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)က ဦးဆောင်ကာ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊ Anonymous Heroes၊ Bandula Defense Force၊ Budalin Defense Force၊ Federal Democratic Force၊ Chindwin Brothers ၊ အုပ်ကြီးနှင့်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်များ ပစ်ခတ်နေစဥ် (ဓာတ်ပုံ CRB)

0 Shares:
You May Also Like
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
Read More

မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးပစ်သည့် အရာရှိအပါ ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်ကြီးပစ်တဲ့ အရာရှိအပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အလွန်အကျွံ အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။