စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ၅ ရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

၅ ရက်ကြာပြုလုပ်တဲ့ အဆိုပါသင်တန်းမှာ ကလေးသူငယ်အခွင့်အရေး၊ ကလေးငယ်တွေရဲ့ ကာကွယ်စောင့်ရှောက်မှုခံယူပိုင်ခွင့်၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ ကလေးတွေအပေါ် ကြီးလေးတဲ့ချိုးဖောက်မှုတွေ (6 Graves Violations)၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပဋိပက္ခဆက်စပ်လိင်အကြမ်းဖက်မှု (CRSV) အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အခြေခံသိသင့်တဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာ သင်တန်းနည်းပြတွေက မျှဝေပို့ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုအဖွဲ့အစည်းအတွင်းက သတ်မှတ်ချက်တွေကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့သလို ချိုးဖောက်မှုတွေကို စနစ်တကျ တိုင်ကြားရမယ့် တိုင်ကြားမှုယန္တရားတွေကိုလည်း အသေးစိတ် သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း စစ်ဘေးဒဏ် ခံစားရသူများနှင့် စစ်ရှောင်ပြည်သူများကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ သွားရောက်တွေ့ဆုံစဉ်

သင်တန်းမှာ ပါဝင်တက်ရောက်တဲ့ ရေးရာတာဝန်ခံတွေကလည်း မြေပြင်မှာကြုံနေရတဲ့ အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးတာ၊ အုပ်စုဖွဲ့ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ သင်တန်းပို့ချမှုတွေအပြင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့ ကိုယ့်ရပ်ရွာအတွင်းမှာ သင်တန်းနည်းပြဆရာ အဖြစ် ပြန်လည်မျှဝေပို့ချမှုတွေ လုပ်ဆောင်နိုင်အောင်လည်း ဆွေးနွေးခဲ့သလို သင်တန်းပြန်လည်ပို့ချလိုတဲ့ ရေးရာတာဝန်ခံတွေကလည်း အဆိုပြုခဲ့ပါတယ်။

သင်တန်းတက်ရောက်ခဲ့သူ ရေးရာတာဝန်ခံတစ်ဦးကလည်း အခုလိုသင်တန်းတွေပို့ချခြင်းနဲ့ ပြန်လည်မျှဝေနိုင်အောင် ဝန်ကြီးဌာနဘက်ကလုပ်ဆောင်ပေးတာဟာ အသိပညာနဲ့နားလည်မှုတွေပိုတိုးတက်လာစေသလို  “ဒီသင်တန်းကနေ ရရှိလာတဲ့ ဗဟုသုတတွေဟာ ကျနော်တို့ရဲ့ ရပ်ရွာထဲက အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ဘဝအတွက် တကယ်ကို အကျိုးရှိစေမယ့် အသိပညာတွေပါ။ ဒီအသိပညာတွေကို ပြန့်ပွားစေပြီး ဒေသခံတွေရဲ့ ကာကွယ်စောင့်ရှောက်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာကို ဝမ်းသာမိပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

0 Shares:
You May Also Like
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဩ ဆားလင်းကြီးမြို့ရှိ စစ်ကော်မရှင် တပ်စွဲထားသည့် နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) ဆီက သိရပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။