စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃၀ ရက် ညနေ ၆ နာရီလောက်က အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာမှာ အသက် ၂၀ အရွယ် စိုးလင်းထွန်း (ခ) ဧရာက စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီးကို ယူဆောင်လာရာကနေ ဗုံးပေါက်ကွဲပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ပြဲကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“အဲဒီကောင်လေးက ဘယ်မှာတွေ့လို့တွေ့မှန်း မသိဘူး။ သူဘယ်က ယူခဲ့မှန်းလဲ မသိဘူး။ သေချာတာက ဒီလက်ကြီးကျည်က မြို့ထဲမှာပဲရှိတာဆိုတော့ သူမြို့ထဲက ကောက်ခဲ့တာနေမှာ၊ ထိသွားတဲ့ကောင်လေးက အပေါ်ပိုင်း စုတ်ပြတ်သတ်သွားတာ။ အဲ့နားမှာတော့ သူတစ်ယောက်တည်း ဖြစ်သွားတာ။ လက်ပစ်ဗုံးကိုင်ရင်းနဲ့ ပေါက်ကွဲပြီး သေသွားတာ.. လက်ထဲမှာပဲ” လို့ အင်းတော်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အင်းတော်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက် နယ်မြေရှင်းလင်းရေး သေချာမလုပ်ဆောင်ရသေးတာကြောင့် စစ်ကော်မရှင်တပ် ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ကျန်နေသေးကြောင်းနဲ့ မိုင်းအန္တရာယ်အကြောင်း ကျေးရွာတွေဘက်မှာ အသိပညာပေးတာမျိုးတွေလည်း မလုပ်ဆောင်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မသိနားမလည်ဘဲ အခုလို သေဆုံးမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“အင်းတော် သိမ်းပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေးက အရမ်းကြီးမလုပ်ဖြစ်သေးဘူး။ အင်းတော်မြို့ထဲမှာတော့ မြေမြှုပ်မိုင်းတွေ ကျန်သေးတယ်။ လက်နက်ကြီး အကြွင်းအကျန်တွေ ကျန်သေးတယ်။ အခုထိ ကလေးတွေကိုတော့ စာသင်ကျောင်းမှာပဲလုပ်ပေးဖြစ်တယ်။ ရွာမှာဆို မလုပ်ပေးဖြစ်သေးဘူး”လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ကလည်း အင်းတော်မြို့နယ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက် ပြတ်သွားသေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

 မြိုင်မြို့နယ်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ယောက် ကျဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်််နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။