အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတွေ လုံး၀ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ ၆ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်က တရားမဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို အသုံးချပြီး ပြည်သူလူထုတရပ်လုံးအပေါ် ရေရှည် ဆက်လက် ဖိနှိပ် အုပ်ချုပ်နိုင်ဖို့အတွက်သာ ဖြစ်တယ်လို့ KNU တပ်မဟာ ၆ က ဆိုပါတယ်။

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ သဘောထားကို ဆန့်ကျင်ကာ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ အတင်း အဓမ္မဖမ်းဆီးမှု စတဲ့ လုပ်ရပ်တွေကို ကျူးလွန်ပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ကြောင်း KNU တပ်မဟာ ၆ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲဟာ အကြမ်းဖက်အာဏာသိမ်း စစ်ကော်မရှင် ဗိုလ်ချုပ်တွေနဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ အသိုင်းအဝိုင်း၊ အပေါင်းအပါတွေ၊ စစ်တပ် လက်သပ်မွေးထားတဲ့ နိုင်ငံရေးအမည်ခံပါတီတွေ အာဏာရရှိရေးအတွက်သာဖြစ်ပြီး စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို တိုင်းရင်းသားပြည်သူအားလုံးအတွက် ဘာအကျိုး ကျေးဇူးမှ ရရှိမှာမဟုတ်ဘူးလို့လည်း KNU တပ်မဟာ ၆ ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လူပုဂ္ဂိုလ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ NGOs ၊ INGOs တွေအနေနဲ့ တစ်ဦးချင်းအရရော အဖွဲ့အစည်းအရပါ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပံ့ပိုး ပူးပေါင်းပါဝင်တာ လုံး၀ (လုံး၀) မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

KNU တပ်မဟာ ၆ ရဲ့ ကြေညာတိုက်တွန်းချက်ကို မလိုက်နာတဲ့ အဖွဲ့အစည်းရော လူပုဂ္ဂိုလ်တစ်ဦးချင်း ဘယ်သူ့ကိုမဆို KNU တပ်မဟာ ၆ က ချမှတ်ထားတဲ့ ကော်သူးလေ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မယ်လို့လည်း အလေးအနက် သတိပေး ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေ ပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီလ (၁၂) ရက်မှာ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်အနုပညာရှင် ၁၃ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတွေနဲ့အတူ ဆန့်ကျင်နေတဲ့ အနုပညာရှင် ၁၃ ယောက်ကို စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဝက်လက်အနောက်ခြမ်း ရွာသာကြီးရွာကို စစ်အုပ်စု အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ၊ မြို့အရှေ့ခြမ်းတွင်လည်း စစ်ကြောင်းများ ဖြန့်ထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမျိုးစုံ လုပ်ဆောင်နေသလို မြို့အရှေ့ခြမ်းမှာလည်း စစ်ကြောင်းတွေဖြန့်ထားတာကြောင့် ကျေးရွာပေါင်း ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။