မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၁ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က ငတရော်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ထိတွေ့မှုလည်း မရှိ၊ တိုက်ပွဲလည်း မရှိပါဘူးဗျ။ စစ်ကြောင်းလည်း မရှိပါဘူးဗျ။ သေဆုံးသူ ၃ဦးကတော့ အမျိုးသမီးတွေကြီး၊ ဒဏ်ရာရတဲ့ ၄ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်ဗျ” လို့ ရေလယ်ကျွန်းဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့တဲ့ ငတရော်ကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ကျေးရွာမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို ထိခိုက်သေဆုံးအောင် ရည်ရွယ်ကာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေ ထိခိုက်သေဆုံးတဲ့အပြင် လူနေအိမ် ပျက်စီးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ငတရော်ကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက မကြာခဏ ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ခံရတာလည်း ရွာလုံးကျွတ်နီးပါး ဖြစ်နေပြီလို့ သိရပါတယ်။

ရေလယ်ကျွန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲမှုကို AA စစ်စခန်းဖြစ်သည့်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ထုံးစံအတိုင်း လိမ်လည်ဝါဒဖြန့်

ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ အာရက္ခတပ်တော်(AA) က စစ်စခန်းအဖြစ် အသုံးပြုနေတာကြောင့်ဖြစ်ကြောင်းနဲ့ ထိခိုက်သေဆုံးသူတွေဟာ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်ကြောင်း စစ်အုပ်စုက ထုံးစံအတိုင်း လိမ်လည်သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေတဲ့ လူနာများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃၃ယောက်သေဆုံးကာ ၇၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

ငဖဲမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟု ဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါင်းတည် ဝဲကြီးဆည် စစ်တပ်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေ၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။