ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃၀ ရက် ညနေ ၅နာရီလောက်မှာ စစ်ကော်မရှင်စစ်ကြောင်းကို KIA,KPDF တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် လုံခင်းကျေးရွာ ဂေါက်ကွင်းအနီးမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မှော်စီစာရွာ ရွှေညောင်ပင်ဆီဆိုင်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ တစ်ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူ ၄ ဦးလို့ သိရတယ်။ ၄ ဦးကတော့ ဒဏ်ရာ အရမ်းကြီးပြင်းထန်တာတော့ မဟုတ်ဘူး။ သေဆုံးသူ တစ်ဦးရှိတယ်လို့ သိရပေမယ့် သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာဆိုတော့ ဒီလက်နက်ကြီးက ဘယ်ကနေ ပစ်တာလဲဆိုတာ ဝေခွဲရခက်တယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ည ၇ နာရီလောက်မှာလည်း ဖားကန့်ဗျူဟာကုန်းကနေ ရှရော်ခကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့ပေမယ့် အဆိုပါကျေးရွာကိုကျော်ပြီး မနကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

“ရှရော်ခကျေးရွာကို ပစ်တာကနေ ကျော်ပြီးတော့ကျတယ်။ ရှရော်ခကျေးရွာ ညောင်ပင်ကုန်းမှာ KIA KPDF နဲ့ စစ်ကောင်စီ ညောင်ပင်ကုန်းကဟာတွေနဲ့ မမောင်းလျှံဘက်ကဟာတွေ စစ်ဆိုင်ထားတဲ့အနေအထားရှိတာကို.. အဲလိုအနေအထားမှာ ရှရော်ခကျေးရွာကို လှမ်းပစ်တာ မနကျေးရွာကိုကျော်ပြီးကျတာ.. အဲဒီမှာ တစ်ဦးသေဆုံးတယ် ၊ သူ့အမျိုးသမီး ဒဏ်ရာရတယ်။ တခြား ၂ ယောက်ဒဏ်ရာရတယ်” လို့ အထက်ပါ ဖားကန့်နယ်ခံက ဆက်ပြောပါတယ်။

သြဂဒတ်လ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ ဖားကန့်ဗျူဟာကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်၊ အေးမြသာယာ အရှင်ကြီးကုန်းတို့ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဖားကန့်မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် ဒေသခံများ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှု ရရှိရေး “ALL IN ONE PIECE MOVEMENT” ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု စတင်

မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကိုစတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေ ဆက်လက်ရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဖိနှိပ်ခံရမှု စတဲ့ ဒုက္ခတွေကို ထင်ဟပ်စေပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် ၉ မှ တွေ့ဆုံခြင်းအခမ်းအနားပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ SSNDF / KNDF  ဗျူဟာအမှတ် ၉ က ရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ပကဖ ရဲဘော် ၂ ယောက်ကို စစ်ကြောင်းဝင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။