အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေဘ ၉ ရက်မှာ ထုတ်ပြန်တဲ့ တပ်သားသစ် စုဆောင်းရေး မူဝါဒ ၁၀ ချက်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ တပ်ဖွဲ့ဝင်အဖြစ်လက်ခံရမယ်လို့ သတ်မှတ်ဖော်ပြထားတာ ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်း၊တပ်ဖွဲ့တွေကို ဝင်ရောက်လာရင် မိဘတွေဆီ ပြန်အပ်နှံပြီး ဆွေးနွေးပညာပေးတာ၊ ပညာသင်ကြားနိုင်ဖို့ ဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းရတာကနေ ကာကွယ်ဖို့အတွက် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရမယ့် လမ်းညွှန်ချက်နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာရမယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေ ၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တပ်သားသစ် စုဆောင်းရေး မူဝါဒ ၁၀ ချက်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ တပ်ဖွဲ့ဝင်အဖြစ်လက်ခံရမယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။

အဆိုပါစည်းမျဥ်းစည်းကမ်း၊ အမိန့်၊ လမ်းညွှန်ချက်တွေကို လိုက်နာဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြပ်မတ်နေပြီး ဖောက်ဖျက်ကျူးလွန်ရင် စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စစ်ဆေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု အထိုင်ချနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အထိနာသည့်စစ်တပ် လူအင်အား ဖြည့်တင်းကာ ရွာများကို စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမှုမြို့နယ်မှာ ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲနေတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကော်မရှင်က အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Aung Tha Pyay Nyi Naung (Local PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အခြေခံပညာ ကျောင်းဆရာဆရာမများကို ရန်ပြုမှာမဟုတ်ကြောင်းနှင့် ပညာရေးကိစ္စရပ်များအတွင်း ဝင်ရောက်စွတ်ဖက်မည် မဟုတ်ကြောင်း CDF – Asho ပြော

မကွေးတိုင်း၊ ငဖဲဒေသမှာ အခြေခံပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးချုပ်နှောင်တာအပါအဝင် ပညာသင်ကြားမှုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်းနဲ့ ဒီလိုမျိုး လုပ်ဆောင်သူတွေကိုလည်း တားမြစ်အရေးယူသွားမှာဖြစ်​ကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့  မြန်မာစစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားဖို့ တော်လှန်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားမယ်လို့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ TNLA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။