စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို တစ်ဖက်တစ်လမ်းကနေ ထောက်ကူပေးနေတဲ့ ဝမ်ပေါင်ကုမ္ပဏီထံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရှိရာ ကျေးရွာတစ်ခုရဲ့ ဓာတ်တိုင်တွေမှာ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ” ၊ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာရွက်တွေကို လိုက်လံကပ်ထားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှုပ်ရှားမှုကို ၅/ဆလကလူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်မှ ကျေးရွာ ပကဖနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ထားဝယ်ခရိုင်အတွင်း ဒရုန်းစစ်ဆင်ရေးကြောင့် အရာခံဗိုလ်နဲ့ တပ်ကြပ် သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။