မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီး အောင်ကျော်စန်းဟာ အလင်းဝင်ရောက်ဖို့ ဆက်သွယ်ပြီး ၁၀ ရက်အကြာ သြဂုတ် ၁၀ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့ဆီ ရောက်ရှိလာတာဖြစ်ပြီး သူနဲ့အတူ MA 2 ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည် ၁၄၅ တောင့်ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေ ယူဆောင်အလင်းဝင်လာတဲ့ ပျူစောထီး အောင်ကျော်စန်းကို Chauk Revolution Army တပ်ဖွဲ့က ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးနေထိုင်ခဲ့တဲ့ ကုန်းကြီးရွာထဲမှာ ပျူစောထီးအင်အား ၃၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီး အောင်ကျော်စန်းဟာ မိဘ နဲ့ စကားများကာ အိမ်က ထွက်လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဆီ ဝင်ရောက်ဖို့ပြုလုပ်ခဲ့ပေမယ့်လည်း အချိတ်အဆက်မရှိတဲ့အတွက် သူကိုယ်တိုင် စစ်အုပ်စုရဲ့ ပျူစောထီး တပ်ဖွဲ့ထဲ ဝင်ရောက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက စစ်မှုထမ်းမဟုတ်ဘူးဗျ၊ သူပြောပုံအရက အိမ်နဲ့ စိတ်ဆိုးပြီး PDF ထဲဝင်ဖို့ သွားတာ ၊ မချိတ်မိတာနဲ့ အဲ့ဘက်ထဲ သူကိုယ်တိုင်ဝင်သွားတာဗျ၊ သူနေတဲ့၊ သူ့ကို အဲ့ကနေ သွားရောက်ခေါ်ဖို့ သွားစောင့်ရတယ်။ တစ်နေရာချိန်းလိုက်တာ” လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ကိုအောင်ကျော်စန်းဟာ သူရဲ့ အစ်ကိုရှိတဲ့ စစ်ကိုင်းဘက်က PDF တပ်ရင်းမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းအတွင်း လုံခြုံရေးအရ တားမြစ်စစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးသည့် ကားတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း USBA ပြော

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တာဝန်အရတားဆီးစစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ချိန် ဖမ်းဆီးခဲ့ပြီး ယာဥ်မောင်းသူကို မေးမြန်းစစ်ဆေးနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ခံ ကိုဗဟိန်းက​ မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

NUG ကထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကိုနိုတြီပြန်ရာမှာ ပါဝင်ပတ်သက်သူ ၇ ဦး ဖမ်းဆီးခံရ

NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ခဲ့တဲ့ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကြောင့် ၁၁ နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ (၃)ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၃) ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။