Chinland Defense Force – Kalay Kabaw Gangaw (CDF – KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲကိုတော့ CDF – KKG ဥက္ကဌနဲ့ ကာကွယ်ရေး အတွင်းရေးမှူးတို့ တတ်ရောက်ခဲ့ပြီး အခြား ဖိတ်ကြားထားတဲ့ မဟာမိတ်တပ်တွေက ကိုယ်စားလှယ်တွေနဲ့ ဧည့်သည်တော်တွေ တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲမှာ သင်တန်းကာလအတွင်း ထူးချွန်တဲ့ ရဲဘော်တွေကို စံပြဆု၊ လက်ဖြောင့်ဆု၊ ဇွဲဆု၊ စစ်ရေးပြ အလှဆုံးဆု အစရှိတဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

CDF-KKG အနေနဲ့ CDF-KKG Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ကလေး-ဂန့်ဂေါလမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွေဖြစ်တဲ့ ကမ်းပါနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) ၊ ကြံသာရွာတို့ကို ၂ လအတွင်း မဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဖြူးလမ်းမကြီးဘေး ကျေးရွာများတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ရဲနှင့်စစ်သား ၈ ဦး​ သေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးများ ပစ်သွင်းတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ်မှာရှိတဲ့ ကျောက်တံတားရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ် လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame အဖွဲ့ထံက သိရပါတယ်။
Read More

သဘာ၀ဘေးမှာ အသုံးပြုဖို့ ထိုင်းက ဘတ် ၁၀ သိန်း တန်ဖိုးရှိ မြေတူးကား လှူဒါန်း၊ စင်ကာပူအဖွဲ့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့

မြန်မာနိုင်ငံကို ရောက်ရှိပြီး ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ အသီးသီးလှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

PDF နဲ့ပြည်သူတွေ ပူးပေါင်းကျင်းပတဲ့ မိုးမိတ်မြို့က ကထိန်ပွဲ (ဓာတ်ပုံသတင်း)

ပြည်သူနဲ့ PDFရဲဘော်တွေ ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ ဘုံကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် (၆) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။