စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကစလို့ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေနဲ့ ရဲ၊ စစ်သားတွေပါဝင်တဲ့ အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ ညောင်ပင်ဇောက်၊ ကွမ်းကိုင်းရွာနဲ့ ငှက်ပျောတောတောင်ရွာတွေမှာ ညအိပ်တပ်ဆွဲခဲ့ပြီး အရပ်သားနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ​နောက် စစ်ကြောင်းဟာ သြဂုတ်လ ၂၀ ရက် ညနေပိုင်းမှာ မင်းနေကုန်းကျေးရွာကို ဆက်လက်ဝင်ရောက်ခဲ့ပြီး လေယာဥ်နဲ့ ဗုံးကြဲစဥ်က ထိခိုက်ပျက်စီးရုံသာရှိခဲ့တဲ့ လူနေအိမ်တွေနဲ့ စျေးကို ပြာကျတဲ့အထိ မီးရှို့ဖျက်ဆီးရာ ရွာရဲ့အိမ်ခြေ ၆၀ ရာခိုင်နူန်းနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ပြောပါတယ်။

ဒါ့အပြင် ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုကလည်း သြဂုတ်လ ၂၆ရက်မှာ ပုလဲမြို့အနောက်ဘက်ကျေးရွာတွေဖြစ်တဲ့ မြကုန်း၊ ကုက္ကိုလ်ကုန်း၊ လက်ပုကန်နဲ့ နှောက်ရွာတို့ကို ဝင်ရောက်စီးနင်းကာ အရပ်သားပစ္စည်းတွေကို ဖျက်ဆီးသယ်ဆောင်ခဲ့သလို ကုက္ကိုလ်ကုန်းရွာအတွင်း အထိုင်ချတပ်ဆွဲထားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုဘက်က ကျေးရွာတွေကို စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးတာ၊ ခိုးယူတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း ပုလဲ-မင်းတိုင်ပင်- ဂန့်ဂေါလမ်းမကြီးပေါ်က ကန်ဒေါင့်ရွာစခန်းကို PLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေ သိမ်းယူပြီးတဲ့နောက် သြဂုတ်လအထိပါ ထိတွေ့တိုက်ပွဲတွေ ရှိလာတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ပုလဲမြို့နယ်အတွင်းက မြကုန်း၊ ကုက္ကိုလ်ကုန်း၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ ငှက်ပျောတော၊ အိုင်းမ၊ ကွမ်းကိုင်း၊ ဆူးပုတ်ကုန်း၊ သပြေကုန်း၊ သာယာကုန်း၊ ဦးနှောက်အပါအဝင် ကျေးရွာပေါင်း ၂၅ ရွာဟာ ၃ လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ဦးရေ ၂သောင်း ကျော်ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဖော်ပြထားသည့် ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ…
0 Shares:
You May Also Like
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းတွင် ဖဲဝိုင်းမှ ပြန်ခေါ်လာရသည့် မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူ ရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချသတ်သေ၊ ရပ်ကျေးပအဖများ အကောက်ယူ ဖွင့်ထားသည့် ဖဲဝိုင်းဖြစ်သည်ဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရပ်ကျေးပအဖ တာဝန်ခံတွေ အကောက်ယူ ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းကနေ မိန်းမဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာကနေ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက မိန်းမကိုရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။