စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် မော်လိုက်မြို့နယ်ရှိ ထော်သာရွာရှိ စစ်ကော်မရှင်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း ဝါဒဖြန့်မှုအပေါ် NGU ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသမှာ ကာယကံရှင်စစ်သုံ့ပန်း၊ ထောက်သာရွာဒေသခံတွေရဲ့ ဖြေရှင်းချက်နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ သတ်ဖြတ်ခံရကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်အ ပေါ် ကာယကံရှင်းများက ငြင်းဆိုလိုက်ပြီး စစ်ကော်မရှင်လက်အောက်မှာ ရှိတဲ့ တပ်သားတွေအနေ နဲ့ အလင်းဝင်ရောက်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးတဲ့ အကြမ်းဖက်စစ်တပ် အခြေချနေထိုင်တဲ့ ထော်သာရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သြဂုတ် ၁၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပျူစောထီး ခေါင်းဆာင် အဲပန် အပါအဝင် ပျူစောထီးတွေရဲ့ မိသားစုဝင် ၁၉၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။

Video-အမှတ်-၁ စစ်ဒေသ
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၉ ယောက်သေ၊ ၂၀ ကျော်ဒဏ်ရာရရှိပြီး ၉ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ Myingyan Black Tiger - MBT တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး အရာရှိအပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

KK Park အတွင်း ၃ ရက်ဆက် ဗုံးများပေါက်ကွဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park အတွင်း ၃ ရက်ဆက် ပေါက်ကွဲမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
Read More

တပ်မ ၃၃ စစ်သားများ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရ (ရုပ်/သံ)

ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကော်မရှင်တပ်သားတွေကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၈ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက သတင်းထုတ် ပြန်ထားပါတယ်။
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။