ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းပေးမှု ကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်အခြေစိုက်မှာရှိတဲ့ PDF ၄ ယောက်ဟာ သြဂုတ် ၂၇ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဆီ ဘက်ပြောင်းခိုလှုံသွားခဲ့ပြီးနောက် ၂ ရက်အကြာ သြဂုတ် ၂၉ ရက်မှာတော့ သူတို့ရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ဒေသခံ ၁၅ ယောက် အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

“အမှောင်ဘက်ဝင်သွားတဲ့သူတွေက ဖားကန့်အခြေစိုက် PDF ပေါ့၊ မှော်ဒေသက လူစုံတယ်လေ ၊ စရိုက်ပေါင်းစုံနဲ့ စစ်တပ်ဘက် ဝင်သွားတဲ့ကောင်တွေရဲ့ သတင်းပေးမှုကြောင့် ကျောက်စိမ်းတောင်တံတားမှာ ရုတ်တရက်ရှောင်တခင်ဝင်ပြီးမှ စစ်ရင်းနဲ့ ကျောက်ဝိုင်းသွားတဲ့အချိန်မှာ စောင့်ဖမ်းတဲ့သဘောပါ၊ သူတို့ သတင်းပေးတဲ့သူတွေထဲမှာ ကျောက်အရောင်းအဝယ်လုပ်တဲ့သူတွေ ပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ၁၅ ယောက်ထဲက ၈ ယောက်ကိုတော့ ဖမ်းဆီးတဲ့နေ့နဲ့ ဒီနေ့မနက်မှာ ပြန်လွတ်ပေးခဲ့ပြီး ကျန်တဲ့ ၇ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့က မဟုတ်သလို ၊ ထောက်ပို့ လုပ်ကိုင်နေတဲ့သူတွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုထံ ဘက်ပြောင်းခိုလုံသွားတဲ့ အဆိုပါ အမျိုးသား ၄ ယောက်ဟာလည်း စစ်ကြောရေးထဲ ရောက်ရှိသွားပြီး သူတို့ ၄ ယောက်ကို စစ်ဆေးမေးမြန်းရင်း ရိုက်နက်ခံရတဲ့အတွက် ထိခိုက်ဒဏ်ရာ များစွာလည်း ရရှိထားကြောင်း စစ်ရေးသတင်းအရင်းမြစ်ရဲ့ သတင်းအရင်းမြစ်ကနေ တစ်ဆင့်ကြားသိရတယ်လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

ဖားကန့်နယ်ထဲမှာ စစ်အုပ်စု ဖမ်းဆီးခံရသူ ပြီးခဲ့တဲ့လပိုင်းမှာ မရှိခဲ့ပေမယ့်လည်း စစ်အုပ်စုရဲ့ လက်နက် နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသူတွေကတော့ အများအပြားရှိတယ်လို့ သိရပါတယ်။

ဖားကန့်နယ်ထဲမှာ သြဂုတ်လ အစပိုင်းကစလို့ စစ်ကော်မရှင်တပ် နဲ့ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒီနေ့အထိလည်း စစ်ရေးအခြေနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – စစ်အုပ်စုထံ ခိုလုံသွားတဲ့ တော်လှန်ရေးရဲဘော် ၁ ဦး
0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
Read More

မှော်ဘီလေတပ်စခန်းမှာ အကြမ်းဖက်စစ်တပ် စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံသည့်တိုင် ဘောမိကျေးရွာမှ ထိခိုက်သေဆုံးများစွာနှင့် ဆုတ်ခွါထွက်ပြေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။