မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီး အောင်ကျော်စန်းဟာ အလင်းဝင်ရောက်ဖို့ ဆက်သွယ်ပြီး ၁၀ ရက်အကြာ သြဂုတ် ၁၀ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့ဆီ ရောက်ရှိလာတာဖြစ်ပြီး သူနဲ့အတူ MA 2 ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည် ၁၄၅ တောင့်ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေ ယူဆောင်အလင်းဝင်လာတဲ့ ပျူစောထီး အောင်ကျော်စန်းကို Chauk Revolution Army တပ်ဖွဲ့က ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးနေထိုင်ခဲ့တဲ့ ကုန်းကြီးရွာထဲမှာ ပျူစောထီးအင်အား ၃၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီး အောင်ကျော်စန်းဟာ မိဘ နဲ့ စကားများကာ အိမ်က ထွက်လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဆီ ဝင်ရောက်ဖို့ပြုလုပ်ခဲ့ပေမယ့်လည်း အချိတ်အဆက်မရှိတဲ့အတွက် သူကိုယ်တိုင် စစ်အုပ်စုရဲ့ ပျူစောထီး တပ်ဖွဲ့ထဲ ဝင်ရောက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“သူက စစ်မှုထမ်းမဟုတ်ဘူးဗျ၊ သူပြောပုံအရက အိမ်နဲ့ စိတ်ဆိုးပြီး PDF ထဲဝင်ဖို့ သွားတာ ၊ မချိတ်မိတာနဲ့ အဲ့ဘက်ထဲ သူကိုယ်တိုင်ဝင်သွားတာဗျ၊ သူနေတဲ့၊ သူ့ကို အဲ့ကနေ သွားရောက်ခေါ်ဖို့ သွားစောင့်ရတယ်။ တစ်နေရာချိန်းလိုက်တာ” လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ကိုအောင်ကျော်စန်းဟာ သူရဲ့ အစ်ကိုရှိတဲ့ စစ်ကိုင်းဘက်က PDF တပ်ရင်းမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်များ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဒေသ၊ PDF (၅၁၀) တပ်ရင်း (Special - 10 PDF) အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။