အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေကင်းမဲ့လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှာ တရားမဝင်လောင်ကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်လို့ ဒေသခံပြည်သူများက ဝေဖန်လျက်ရှိပါတယ်။

မန္တလေးမြို့ ချမ်းသာစည်မြို့နယ် သံလျက်မှော်တောင် ဧရာထွန်းရပ်ကွက်အတွင်း အများပြည်သူသွားလာနေတဲ့ ကွန်ကရစ်လမ်းမတွေပေါ်မှာ ဥပဒေမဲ့လောင်းကစားဝိုင်တွေကို ပေါ်ပေါ်တင်တင်လုပ်ကိုင် နေကြပြီး အာဏာသိမ်းစစ်တပ်ရဲ့ အရေးယူဆောင်ရွက်မှုကို မတွေ့ရဘူးလို့ ဒေသခံတွေက ပြောဆို နေကြတာပါ။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ဓားပြမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို တရားဝင်သဖွယ် လုပ်ကိုင်လာကြပြီး အရေးယူမှုမရှိသလောက် နည်းပါးလျက်ရှိနေပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု ဒုရဲအုပ် ကျော်ဇင်ထွန်းနှင့် စစ်သား ၄ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ စစ်သား ၄ ယောက် သေဆုံးကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်တွန်းလှန်ရေးမှာ လိုအပ်နေတဲ့ ဒရုန်းတွေ ဝယ်ယူနိုင်ဖို့ “မကွေးဝေဟင် ဒရုန်းစစ်ဆင်” ကမ်ပိန်း (ရုပ်/သံ)

မကွေးခရိုင်ကွပ်ကဲရေးရုံးက အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရေးတိုက်ပွဲမှာ လိုအပ်နေတဲ့ ဒရုန်းတွေဝယ်ယူနိုင်ဖို့ ''မကွေးဝေဟင် ဒရုန်းစစ်ဆင်'' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က‌‌ လေကြောင်းကနေ ဗုံးကြဲ၊ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်ကျေးရွာရှိ မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRF ထံက သိရပါ တယ်။ ယနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက အရာတော်မြို့နယ် ကန်ရင်း‌ကျေးရွာရှိ မူကြိုကျောင်းအား တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ ရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်အမှာစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုပြီး အမှာစကားပြောကြားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အမှတ် (၁) စစ်ဒေသမှ ယနေ့ နံနက်ပိုင်းမှ သတင်းထုတ်ပြန် လိုက်ပါတယ်။
Read More

မင်းလှမြို့နယ် စမ်းဘုတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

သား ၂ ယောက်အပြင် ခင်ပွန်းဖြစ်သူပါ စစ်မှုထမ်း ပေါ်တာဆွဲခံထားရသည့် မိသားစုအခြေအနေ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ နေထိုင်တဲ့ မိသားစုတစ်စုက မိခင်ဟာ သား ၂ ယောက်သာမက ခင်ပွန်းဖြစ်သူပါ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း ပြောပြထားတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။